“ပုမှ နုတယ်” ဆိုတဲ့ K-Drama လောကရဲ့ အရပ်အပုဆုံး မင်းသမီးချောများ

“ပုမှ နုတယ်” ဆိုတဲ့ K-Drama လောကရဲ့ အရပ်အပုဆုံး မင်းသမီးချောများ

ယခုဖော်ပြပေးသွားမယ့် K-Drama လောကရဲ့ မင်းသမီးချောတွေကတော့ “ပုမှ နုတယ်” ဆိုတဲ့ ဂုဏ်ပုဒ် ပိုင်ရှင်လေးတွေဖြစ်ပါတယ်။ ဒီစာရင်းမှာ ဘယ်မင်းသမီးချောတွေ ပါဝင်လာခဲ့လဲဆိုတာ တစ်ချက်လောက် ကြည့်လိုက်ကြရအောင်နော်။

11. Son Ye Jin

အရပ် ၅ ပေ ၅ လက်မ ရှိတဲ့ Son Ye Jin ဟာ အရပ် ၆ ပေ အတိ ရှိတဲ့ ခင်ပွန်းဖြစ်သူ Hyun Bin နဲ့တော့ ပြီးပြည့်စုံတဲ့ အရပ်ကွာဟချက်ရှိပါတယ်။

10. Lee Min Jung

နာမည်ကြီး မင်းသား Lee Byung Hun ရဲ့ ဇနီးဖြစ်သူ မင်းသမီး Lee Min Hung ကလည်း အရပ် အမြင့် ၅ ပေ ၅ လက်မသာ ရှိသူပါ။

9. Kim Ji Won

“My Liberation Notes” မှာ မကြာသေးခင်ကမှ အားပေးမှု တစ်ခဲနက် ရရှိထားခဲ့တဲ့ မင်းသမီးချောလေး Kim Ji Won ဟာ အရပ် ၅ ပေ ၄ လက်မခွဲ ရှိပါတယ်။

8. Park Min Young

တန်ကြေးမြင့် မင်းသမီးချော Park Min Young ဟာလည်း အရပ်အမြင့် ၅ ပေ ၄ လက်မခွဲ နဲ့ အရပ်အပုဆုံး မင်းသမီးတွေထဲမှာ ပါဝင်လို့နေပါတယ်။

7. Goo Hye Sun

အရပ်အမောင်း ပုသလို ရုပ်ရည်အားဖြင့်လည်း နုပျိုလှတဲ့ မင်းသမီးချော Goo Hye Sun ကတော့ ၅ ပေ ၄ လက်မသာ အရပ်အမြင့် ရှိသူပါ။

6. Kim Tae Hee

နာမည်ကျော် မင်းသမီးချော Kim Tae Hee ကလည်း အရပ်အမြင့် ၅ ပေ ၄ လက်မသာ ရှိတာကြောင့် ခင်ပွန်းဖြစ်သူ Rain နဲ့ ဆိုရင်တော့ ၈ လက်မလောက် အရပ်ကွာခြားပါတယ်။

5. IU

Idol-မင်းသမီးလေး IU ဟာ အလွန်မြင့်မားလှတဲ့ notes တွေကို သီဆိုနိုင်ပေမဲ့ အရပ် အမြင့်ကတော့ ၅ ပေ ၃ လက်မ စွန်းစွန်းသာ ရှိသူပါ။

4. Song Hye Kyo

မင်းသမီးရဲ့ official profile မှာ အရပ် ၁၆၁ စင်တီမီတာ လို့ ဖော်ပြထားပေမဲ့ Song Hye Kyo ရဲ့ တကယ့် အရင်အမြင့်ယာ ၁၅၈ စင်တီမီတာသာ ရှိတယ်လို့ netizens တွေက ယုံကြည်ကြပါတယ်။ ဒါဟာ ၅ ပေ ၂ လက်မ ဆိုတဲ့ ပမာဏနဲ့ ညီမျှပါတယ်။

3. Han Ji Min

အရပ် အမြင့် ၅ ပေ နဲ့ ၂ လက်မခွဲသာ ရှိတဲ့ မင်းသမီးချော Han Ji Min ဟာ ကိုရီးယား အမျိုးသားတွေရဲ့ မဲပေးရွေးချယ်မှုအရ “နှစ်လိုဖွယ်အကောင်းဆုံး” နတ်သမီး တစ်ယောက်ဖြစ်ပါတယ်။

2. Jang Nara

သတို့သမီး အသစ်စက်စက်လေး Jang Nara ဟာလည်း အရပ် အမြင့် ၅ ပေ ၂ လက်မခွဲစသာ ရှိသူပါ။ မင်းသမီးကတော့ အသက် ၂၀ လောက်ကတည်းက နုပျိုတဲ့ အသွင်အပြင်ဟာ အခုထက်ထိကို အဲ့ဒီပုံစံလေးတိုင်းမလို့ နာမည်ကျော်ကြားသူပါ။

1. Park Bo Young

အံ့သြစရာ ကောင်းလောက်အောင်ကို ပထမနေရာမှာ အရပ်အမြင့် ၅ ပေ ၁ လက်မ စွန်းစွန်းလေးနဲ့ ရပ်တည်နေခဲ့တာကတော့ “Strong Woman Do Bong Soon” ရဲ့ မင်းသမီးချောလေး Park Bo Young ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မင်းသမီးဟာ “ပုမှ နုတယ်” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လွန်စွာမှ လိုက်ဖက်လှသူဖြစ်ပြီး အလွန်ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ နုပျိုလှတဲ့ visual တို့ကြောင့် မကြာခဏ ချီးမွမ်းခံထားရသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *