စတုတ္ထမြောက် ရောင်းအားအကောင်းဆုံး 1st week sales ကို ပိုင်ဆိုင်သွားခဲ့တဲ့ Nayeon

စတုတ္ထမြောက် ရောင်းအားအကောင်းဆုံး 1st week sales ကို ပိုင်ဆိုင်သွားခဲ့တဲ့ Nayeon

TWICE အဖွဲ့ဝင် Nayeon ရဲ့ ပွဲဦးထွက် solo mini-album လေး ‘IM NAYEON’ ဟာ ဇူလိုင်လ ၁ ရက်နေ့အထိ ၎င်းရဲ့ ပထမအပတ်မှာ အချပ်ရေ 252,903 ရောင်းအားအထိ ရောင်းချရခဲ့ပါတယ်။

ဇွန်လ 24 ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ‘IM NAYEON’ ဟာ ယခုအခါ K-Pop အမျိုးသမီး soloist တစ်ယောက်အတွက် ၂၀၂၂ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး album ဖြစ်လာပြီး ပထမပတ်မှာပဲ အချပ်ရေ နှစ်သိန်းခွဲကျော် ရောင်းချခဲ့ရတာပါ။

ထို့အပြင် Nayeon ဟာလည်း BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ‘LALISA’, Rose ရဲ့ ‘-R-‘ နှင့် IU’s ‘Lilac’ တို့ နောက်မှာ K-Pop အမျိုးသမီး soloist အဖြစ်နဲ့ သမိုင်းတစ်လျှောက် စတုတ္ထမြောက် ရောင်းအားအကောင်းဆုံး album ဆိုတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

‘IM NAYEON’ ဟာ ထွက်ရှိပြီး တစ်ရက်အတွင်း အချပ်ရေ ၁၂၀,၀၀၀ ကျော် ရောင်းချခဲ့ရပြီး ပထမနေ့မှာ ရောင်းအား တစ်သိန်းကျော် ရရှိထားခဲ့တဲ့ စတုတ္ထမြောက် K-Pop အမျိုးသမီး soloist အဖြစ်လည်း မှတ်တမ်းတင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Congratulations ပါ ယုန်မလေးရေ။

Leave a Reply

Your email address will not be published. Required fields are marked *