“Money Heist : Korea” ထဲမှ Lee Joo Bin နဲ့ ချစ်တင်းနှောဇာတ်ဝင်ခန်းအကြောင်းကိုပြောပြလာတဲ့ Kim Ji Hoon

“Money Heist : Korea” ထဲမှ Lee Joo Bin နဲ့ ချစ်တင်းနှောဇာတ်ဝင်ခန်းအကြောင်းကိုပြောပြလာတဲ့ Kim Ji Hoon

လတ်ရှိကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေအကြားမှာ လူပြောများနာမည်ကြီးနေတဲ့ “Money Heist : Korea” ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင် တစ်ယောက်ဖြစ်သူ မင်းသား Kim Ji Hoon ဟာဆိုရင် မင်းသမီး Lee Joo Bin နဲ့အတူရိုက်ကူးခဲ့တဲ့ ဇာတ်ကားထဲမှ ချစ်တင်းနှောဇာတ်ဝင်ခန်း အကြောင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ အခုလိုပဲဖွင့်ဟပြောပြသွားခဲ့ပါတယ်။

“ကျွန်တော်တို့တွေ ဒီလိုဇာတ်ဝင်ခန်းမျိုးရိုက်ကူးရမယ်ဆိုတာကိုသိရတဲ့အချိန်မှာ ကျွန်တော်ရော၊ Lee Joo Bin ရော စိန်ခေါ်မှုတစ်ခုကို ခံစားလိုက်ရပါတယ် .. ဒါကြောင့်လည်း ရိုက်ကူးဖို့အတွက် ကမ်းလှမ်းတာကို လက်ခံဖြစ်ခဲ့တာပါ … မရိုက်ကူးခင်အချိန်မှာလည်း ကျွန်တော်တို့နှစ်ယောက်စကားပြောဖြစ်ခဲ့ပြီး ဇာတ်လမ်းတွဲအတွက် အကောင်းဆုံးကြိုးစားကြဖို့ကို အချင်းချင်းအားပေးခဲ့ကြပါသေးတယ်” လို့ဆိုကာ ပြောသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Kim Ji Hoon က သူ့ရဲ့ဇာတ်ကောင် Denver က Lee Joo Bin ရဲ့ဇာတ်ကောင် Misun အပေါ်မှာ မေတ္တာရှိသွားခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း “ပထမတော့ Denver က Misun ကို ချောလို့၊ လှလို့ ဂရုစိုက်ပေးတာပေါ့ … သူက ဓားပြတစ်ယောက်ဆိုပေမယ့်လည်း Misun အရှေ့မှာ လူကောင်းဖြစ်ချင်တယ်ဆိုတာက ယုတ္တိကျတယ်လို့ ကျွန်တော်ကတော့ ထင်တယ်ဗျ” ဆိုပြီးပြောခဲ့တာကိုတွေ့ရပါတယ်။

ချစ်တင်းနှောဇာတ်ဝင်ခန်းမျိုးရိုက်ကူးရတဲ့ ခံစားချက်အကြောင်းကိုမေးမြန်းရာမှာတော့ Kim Ji Hoon က “ကျွန်တော် သရုပ်ဆောင်လာခဲ့တာ အချိန်တစ်ခု ကြာလာခဲ့ပြီဆိုပေမယ့် ကျွန်တော့်တစ်ကိုယ်လုံးကိုမြင်ရတဲ့ ဇာတ်ဝင်ခန်းမျိုးတော့ မကြည့်ခဲ့ဖူးဘူးဗျ …. Lee Joo Bin လည်းပဲ ဒီလိုမျိုးခံစားမိလိမ့်မယ်လို့ ထင်ပါတယ်”

“ကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့တစ်ခုတည်းသောအရာကတော့ အကောင်းဆုံးကြိုးစားခဲ့တာပါပဲ … ရိုက်ကူးရေးကတော့ ခန့်မှန်းထားတာထက်ပိုပြီး စောစောပြီးခဲ့ပါတယ် …ဒါပေမယ့် ရိုက်ကွင်းပေါ်မှာတော့ ကျွန်တော့်ရဲ့သရုပ်ဆောင်မှုကို မော်နီတာမှာပြန်မကြည့်ရဲခဲ့ဘူး … ကျွန်တော့်ကို ပြဖို့အတွက်လည်း တကယ်မတောင်းဆိုရဲခဲ့တော့ ဒါက ဘယ်လိုပုံစံမျိုးဖြစ်နေမယ်ဆိုတာကို အရမ်းသိချင်မိခဲ့ပါတယ်”

“ပထမဆုံး ဒီဇာတ်ဝင်ခန်းကိုကြည့်ရတဲ့အချိန်မှာလည်း တော်တော်လေးမျက်နှာပူခဲ့ရသေးတယ်ဗျ … ကြည့်ရှုသူပရိသတ်တွေက ဒီဇာတ်ဝင်ခန်းအကြောင်းကို ဘယ်လိုတွေးကြမယ်ဆိုတာကို ကျွန်တော် မတွေးကြည့်ရဲဘူး” လို့ဆိုကာ ပြောပြခဲ့ပါတယ်။

Ref : GStarLive

Nemo

“Money Heist : Korea” ထဲမှ Lee Joo Bin နဲ့ ချစ်တင်းနှောဇာတ်ဝင်ခန်းအကြောင်းကိုပြောပြလာတဲ့ Kim Ji Hyun

လတ်ရှိကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေအကြားမှာ လူပြောများနာမည်ကြီးနေတဲ့ “Money Heist : Korea” ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင် တစ်ယောက်ဖြစ်သူ မင်းသား Kim Ji Hun ဟာဆိုရင် မင်းသမီး Lee Joo Bin နဲ့အတူရိုက်ကူးခဲ့တဲ့ ဇာတ်ကားထဲမှ ချစ်တင်းနှောဇာတ်ဝင်ခန်း အကြောင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ အခုလိုပဲဖွင့်ဟပြောပြသွားခဲ့ပါတယ်။

“ကျွန်တော်တို့တွေ ဒီလိုဇာတ်ဝင်ခန်းမျိုးရိုက်ကူးရမယ်ဆိုတာကိုသိရတဲ့အချိန်မှာ ကျွန်တော်ရော၊ Lee Joo Bin ရော စိန်ခေါ်မှုတစ်ခုကို ခံစားလိုက်ရပါတယ် .. ဒါကြောင့်လည်း ရိုက်ကူးဖို့အတွက် ကမ်းလှမ်းတာကို လက်ခံဖြစ်ခဲ့တာပါ … မရိုက်ကူးခင်အချိန်မှာလည်း ကျွန်တော်တို့နှစ်ယောက်စကားပြောဖြစ်ခဲ့ပြီး ဇာတ်လမ်းတွဲအတွက် အကောင်းဆုံးကြိုးစားကြဖို့ကို အချင်းချင်းအားပေးခဲ့ကြပါသေးတယ်” လို့ဆိုကာ ပြောသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Kim Ji Hyun က သူ့ရဲ့ဇာတ်ကောင် Denver က Lee Joo Bin ရဲ့ဇာတ်ကောင် Misun အပေါ်မှာ မေတ္တာရှိသွားခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း “ပထမတော့ Denver က Misun ကို ချောလို့၊ လှလို့ ဂရုစိုက်ပေးတာပေါ့ … သူက ဓားပြတစ်ယောက်ဆိုပေမယ့်လည်း Misun အရှေ့မှာ လူကောင်းဖြစ်ချင်တယ်ဆိုတာက ယုတ္တိကျတယ်လို့ ကျွန်တော်ကတော့ ထင်တယ်ဗျ” ဆိုပြီးပြောခဲ့တာကိုတွေ့ရပါတယ်။

ချစ်တင်းနှောဇာတ်ဝင်ခန်းမျိုးရိုက်ကူးရတဲ့ ခံစားချက်အကြောင်းကိုမေးမြန်းရာမှာတော့ Kim Ji Hyun က “ကျွန်တော် သရုပ်ဆောင်လာခဲ့တာ အချိန်တစ်ခု ကြာလာခဲ့ပြီဆိုပေမယ့် ကျွန်တော့်တစ်ကိုယ်လုံးကိုမြင်ရတဲ့ ဇာတ်ဝင်ခန်းမျိုးတော့ မကြည့်ခဲ့ဖူးဘူးဗျ …. Lee Joo Bin လည်းပဲ ဒီလိုမျိုးခံစားမိလိမ့်မယ်လို့ ထင်ပါတယ်”

“ကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့တစ်ခုတည်းသောအရာကတော့ အကောင်းဆုံးကြိုးစားခဲ့တာပါပဲ … ရိုက်ကူးရေးကတော့ ခန့်မှန်းထားတာထက်ပိုပြီး စောစောပြီးခဲ့ပါတယ် …ဒါပေမယ့် ရိုက်ကွင်းပေါ်မှာတော့ ကျွန်တော့်ရဲ့သရုပ်ဆောင်မှုကို မော်နီတာမှာပြန်မကြည့်ရဲခဲ့ဘူး … ကျွန်တော့်ကို ပြဖို့အတွက်လည်း တကယ်မတောင်းဆိုရဲခဲ့တော့ ဒါက ဘယ်လိုပုံစံမျိုးဖြစ်နေမယ်ဆိုတာကို အရမ်းသိချင်မိခဲ့ပါတယ်”

“ပထမဆုံး ဒီဇာတ်ဝင်ခန်းကိုကြည့်ရတဲ့အချိန်မှာလည်း တော်တော်လေးမျက်နှာပူခဲ့ရသေးတယ်ဗျ … ကြည့်ရှုသူပရိသတ်တွေက ဒီဇာတ်ဝင်ခန်းအကြောင်းကို ဘယ်လိုတွေးကြမယ်ဆိုတာကို ကျွန်တော် မတွေးကြည့်ရဲဘူး” လို့ဆိုကာ ပြောပြခဲ့ပါတယ်။

Ref : GStarLive

Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x