Bella Ranee နဲ့ လမ်းခွဲပြီးနောက် မိဘသဘောတူသူနဲ့ အိမ်ထောင်ပြုတော့မယ့် Weir Sukollawat

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ Weir Sukollawat ဟာဆိုရင် ဇူလိုင်လ ၁ ရက်နေ့ မနေ့တုန်းက ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး အဆိုပါပွဲရဲ့ အင်တာဗျူးမှာ သတင်းတစ်ခုကို အတည်ပြုကြေညာပေးသွားခဲ့ပါတယ်။

အဲဒါကတော့ သူဟာ အနုပညာလောကထဲမှမဟုတ်တဲ့ အပြင်သာမန်ချစ်သူမိန်းကလေး Vicky နဲ့ အခု ဇူလိုင်လ ၁၇ ရက်နေ့မှာ တရားဝင်လက်ထပ်မင်္ဂလာပွဲ ကျင်းပတော့မယ်ဆိုတဲ့သတင်းပါပဲ။

Weir Sukollawat က သူ့ရဲ့မင်္ဂလာပွဲအခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မိသားစုဝင်တွေ၊ ရင်းနှီးခင်မင်သူမိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲ သီးသန့်ကျင်းပသွားမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်းဆိုတာကိုလည်း ပြောသွားခဲ့ပါသေးတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Weir Sukollawat ရဲ့ဇနီးလောင်းဖြစ်သူဟာ နှစ်ဖက်မိဘသဘောတူထားတဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။

Weir Sukollawat ဟာဆိုရင် ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး Bella Ranee နဲ့ ၉ နှစ်ကြာမျှ လူသိရှင်ကြားတွဲခဲ့ဖူးပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းကမှ လမ်းခွဲပြတ်စဲခဲ့တာဖြစ်ပါတယ်။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published. Required fields are marked *