လက်ထပ်တော့မယ့် ရည်းစားဟောင်းဖြစ်သူ Weir Sukollawat အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ Bella Ranee

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Weir Sukollawat ဟာဆိုရင် အနုပညာလောကထဲမှမဟုတ်တဲ့ အပြင်သာမန်ချစ်သူမိန်းကလေးနဲ့ အခု ဇူလိုင် ၁၇ ရက်နေ့မှာ တရားဝင်လက်ထပ်မင်္ဂလာပွဲကျင်းပတော့မယ်ဆိုတာကို ပရိသတ်တွေသိထားကြပြီးဖြစ်မှာပါ။

ဒီသတင်းဟာ လက်ရှိထိုင်းနိုင်ငံအတွင်းမှာ ရေပန်းစားနေတဲ့အနုပညာသတင်းတစ်ခုဖြစ်တာကြောင့် Weir ရဲ့ရည်းစားဟောင်းဖြစ်သူ ထိပ်တန်းမင်းသမီး Bella Ranee လည်း လတ်တလောရက်ပိုင်းအတွင်းပြုလုပ်ခဲ့တဲ့ “Love Destiny The Movie” ရဲ့သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ မေးခွန်းထုတ်ခံခဲ့ရတာကို တွေ့ရပါတယ်။

အဲဒီအခါမှာတော့ Bella က သူမအနေနဲ့ အဆိုပါသတင်းကို တခြားသူတွေသိရှိကြတဲ့အချိန်မှာပဲ သိရှိခဲ့ရတာကြောင်း၊ မင်္ဂလာပွဲအကြောင်းနဲ့ပတ်သက်လို့ ကာယကံရှင် Weir Sukollawat ကို မေးမြန်းစေလိုကြောင်းနဲ့ သူမတို့အကြားမှာ ဒီကိစ္စကိုမပြောခဲ့ဖူးကြောင်းဆိုကာ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် Weir Sukollawat အတွက် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဆုမွန်ကောင်းတောင်းပေးပြီး သူ့ရဲ့ပျော်ရွှင်စရာကိစ္စရပ်တွေအပေါ်မှာ ဂုဏ်ယူမိကြောင်းနဲ့ သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ မိတ်ဆွေသူငယ်ချင်းတွေလိုမျိုး ခင်မင်ရင်းနှီးမှုတွေရှိနေဆဲဖြစ်ကြောင်းကိုလည်း အတည်ပြုပြောပေးခဲ့ပါသေးတယ်။

Weir Sukollawat နဲ့ Bella Ranee တို့ဟာဆိုရင် ၉ နှစ်ကြာမျှ လူသိရှင်ကြားတွဲခဲ့ဖူးတာကြောင့် ပရိသတ်တွေအတော်များများက သူတို့နှစ်ဦးကို တစ်ချိန်မှာ လက်ထပ်ကြလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့အချစ်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး မိတ်ဆွေတွေအဖြစ်နဲ့သာ ဆက်လက်ရှိသွားကြတော့မယ်ဆိုတာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းကမှ အသိပေးကြေညာပေးခဲ့တာဖြစ်ပါတယ်။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published.