နှစ်ကုန်မှာ 2 Billlion views အထိ ရရှိသွားနိုင်တဲ့ BLACKPINK ရဲ့ ‘DDU-DU DDU-DU’

နှစ်ကုန်မှာ 2 Billlion views အထိ ရရှိသွားနိုင်တဲ့ BLACKPINK ရဲ့ ‘DDU-DU DDU-DU’

ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ YG Entertainment ရဲ့ အဆိုအရ Blackpink ဟာ သူတို့ရဲ့‘DDU-DU DDU-DU’ MV နဲ့အတူ နံနက် ၄ နာရီ ၂ မိနစ်မှာ YouTube MV views 1.9 billiiom ကျော် ရှိသွားခဲ့ပြီလို့ သိရပါတယ်။

‘DDU-DU DDU-DU’ ဟာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှာ ထွက်ရှိခဲ့တာကြောင့် ၄ နှစ်တာ ကာလအတွင်းမှာ အခုလိုမျိုး စံချိန်ကြီးကို ရယူနိုင်ခဲ့တာပါ။

တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် ‘DDU-DU DDU-DU’ ဟာ YouTube ရဲ့ ကြည့်ရှုမှုအများဆုံး K-pop အဖွဲ့ရဲ့ MV ဆိုတဲ့ သမိုင်းတွင် စံချိန်သစ်တစ်ခုကိုလည်း ရရှိသွားနိုင်ခဲ့ပါပြီ။

MV ရဲ့ လက်ရှိ views တိုးတက်လာနှုန်းအရ ‘DDU-DU DDU-DU’ ဟာ ယခုနှစ်ကုန်ပိုင်းမှာ ကြည့်ရှုမှု 2 billion အထိ ရရှိသွားနိုင်တယ်လို့လည်း ပရိသတ်တွေက မျှော်လင့်နေကြပါပြီ။

DDU-DU DDU-DU က BLACKPINK ရဲ့ ပထမဆုံး mini-album “SQUARE UP” ရဲ့ title track လေး ဖြစ်ပြီး စွဲဆောင်မှုရှိတဲ့ သံပြိုင်များနဲ့ စွဲလမ်းစေတဲ့ ကကွက်တွေက ၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့ကြည့်ရှုမှု အများဆုံး K-pop MV တစ်ပုဒ်လည်း ဖြစ်လာစေခဲ့ပါတယ်။

ထို့အပြင် ကမ္ဘာ့အကြီးဆုံး music platform ဖြစ်တဲ့ Spotify မှာလည်း streaming အရေအတွက် အကြိမ်ပေါင်း သန်း ၅၀၀ ကျော်ထားခဲ့ပြီဖြစ်သလို ယခုအခါမှာ BLACKPINK တို့ဟာ သူတို့ရဲ့ official YouTube channel မှာလည်း subscribers စုစုပေါင်း ၇၅ သန်းကျော်နဲ့ ကမ္ဘာ့ No. 1 subscribers အများဆုံး Pop Artist ဆိုတဲ့ သမိုင်းသစ် စံချိန်မျိုးကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါပြီ။

Leave a Reply

Your email address will not be published.