ခင်ပွန်းဖြစ်သူနဲ့ ပျားရည်ဆမ်းခရီးက ချစ်စဖွယ်ပုံရိပ်တွေ ထွက်ပေါ်လာခဲ့တဲ့ Jang Nara

ခင်ပွန်းဖြစ်သူနဲ့ ပျားရည်ဆမ်းခရီးက ချစ်စဖွယ်ပုံရိပ်တွေ ထွက်ပေါ်လာခဲ့တဲ့ Jang Nara

မင်္ဂလာပွဲအပြီးမှာ ခင်ပွန်းဖြစ်သူ နဲ့ မင်းသမီးချော Jang Nara ရဲ့ ပျားရည်ဆမ်းခရီးက ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေက ပရိသတ်တွေကို ရင်ခုန်စေခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့ ညနေမှာ Jang Nara ဟာ ရိုးရှင်းတဲ့ သီးသန့်မင်္ဂလာပွဲလေးကို တရားဝင်ကျင်းပခဲ့ပါတယ်။ Jang Nara ရဲ့ မင်္ဂလာပွဲဟာ ကြီးကျယ်ခမ်းနားစွာနဲ့ ကျင်းပခဲ့ခြင်း မရှိပေမယ့် လူအများရဲ့ အာရုံစိုက်မှုကို ရရှိနေဆဲပါ။

မင်္ဂလာပွဲအတွင်း လာရောက်ခဲ့ကြတဲ့ မီဒီယာများနဲ့ ဧည့်သည်များကလည်း Jang Nara ခင်ပွန်းရဲ့ မျက်နှာနဲ့ အသွင်အပြင်ကို မင်းသမီးရဲ့ တောင်းဆိုမှုအတိုင်း လျှို့ဝှက်ထားခဲ့တာကလည်း ချစ်စရာကောင်းတဲ့ လေးစားမှုနဲ့ လူသားဆန်မှုတွေပါပဲ။

မင်္ဂလာဆောင်ပြီး တစ်ပတ်နီးပါးအကြာမှာ ဟန်းနီးမွန်းထွက်လာခဲ့တဲ့ Jang Nara တို့ ဇနီးမောင်နှံ့ကို အင်တာနက် အသုံးပြုသူတစ်ဦးက တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်တွေကိုလည်း အမိအရ ဓာတ်ပုံရိုက်ကူးထားနိုင်ခဲ့ပါတယ်။

အဆိုပါ netizen ရဲ့ မျှဝေထားခဲ့တဲ့ ပုံများအရ Jang Nara ရဲ့ ခင်ပွန်းဟာ ဇနီးသည် selfie ရိုက်ရန်အတွက် ဖုန်းကိုင်ပေးထားတာကို တွေ့မြင်ရမှာဖြစ်ပြီး Jang Nara နဲ့ သူမခင်ပွန်းတို့ဟာလည်း အလွန်ချစ်စရာကောင်းတဲလ အပြာရောင်ဝတ်စုံများကို ဆင်တူ ဝတ်ဆင်ထားကြပါတယ်။

ဒါကြောင့် ဒီကြင်စဦး ဇနီးမောင်နှံလေးကိုလည်း ချစ်စရာကောင်းတဲ့ ပျားရည်ဆမ်း ခရီးစဥ်လေးနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစု ဘဝလေးကို အတူတူ တည်ဆောက်သွားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *