ဘီလီယံတန်ကြေးရှိတဲ့ လည်ဆွဲကိုဝတ်ဆင်ရင်း Chaumet ပွဲကို တက်ရောက်သွားခဲ့တဲ့ Song Hye Kyo

ဘီလီယံတန်ကြေးရှိတဲ့ လည်ဆွဲကိုဝတ်ဆင်ရင်း Chaumet ပွဲကို တက်ရောက်သွားခဲ့တဲ့ Song Hye Kyo

Song Hye Kyo ဟာ မကြာသေးခင်ကပဲ Paris မှာရှိတဲ့ Chaumet ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာတော့ Song Hye Kyo ဟာ သူမရဲ့ အပြာရောင်နှလုံးသား သင်္ကေတနဲ့အတူ ဓာတ်ပုံနှစ်ပုံကို သူမရဲ့ Instagram မှာ တင်ထားခဲ့တာပါ။

သူမရဲ့ တင်ထားခဲ့တဲ့ ဓာတ်ပုံတွေမှာ Song Hye Kyo ဟာ သူမရဲ့ ရိုးရိုးရှင်းရှင်း အနက်ရောင် ဝတ်စုံနဲ့အတူ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဆင်မြန်းထားတာ တွေ့ရပါတယ်။ အသက် ၄၀ အရွယ် မင်းသမီးကတော့ သူမရဲ့ နုပျိုငယ်ရွယ်ပြီး ပြောင်မြောက်တဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို ပုံဖော်ထားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ Chaumet ရဲ့ ဒီအခမ်းအနားမှာ Song Hye Kyo ဟာ ဇိမ်ခံ လက်ဝတ်ရတနာ brand အတွက် Asia brand ambassador အဖြစ် ပွဲတက်ရောက်ခဲ့တာပါ။

ဒါ့အပြင် Song Hye-kyo ရဲ့ SNS မှလွှင့်တင်ထားခဲ့တဲ့ အခြား ဓာတ်ပုံကလည်း netiznes တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ Song Hye-kyo နဲ့ ဂျာမန်မင်းသား Diane Kruger တို့ အတူတူ တွဲရိုက်ခဲ့ကြတာပါ။

“Piano Player” ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ Kruger ဟာ “Basters: Rough Guys” “Farewell My Queen” “Maryland” နှင့် “Nightshell” ကဲ့သို့သော နာမည်ကြီးဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း မင်းသမီး Song Hye Kyo ဟာ Kim Eun Sook ရေးသားထားတဲ့ ‘The Glory’ drama သစ်ကို ရိုက်ကူးလျက်ရှိနေပါတယ်။ “The Glory” ဟာ ဗိသုကာ ပညာရှင်တစ်ဦးဖြစ်ရန် ကြိုးပမ်းနေရတဲ့ အထက်တန်း ကျောင်းသူလေး ဝမ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *