မင်္ဂလာလက်စွပ်လေး ဝတ်ဆင်ရင်း မင်္ဂလာပွဲနေ့ကို အတည်ပြုသွားခဲ့တဲ့ Weir

မင်္ဂလာလက်စွပ်လေး ဝတ်ဆင်ရင်း မင်္ဂလာပွဲနေ့ကို အတည်ပြုသွားခဲ့တဲ့ Weir

နောက်ဆုံးမှာတော့ အားလုံးက စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ မင်းသား Weir ဟာ မင်္ဂလာပွဲနေ့ကို အတည်ပြုသွားခဲ့ပြီဖြစ်ပြီး မင်္ဂလာလက်စွပ် ဝတ်ဆင်ခြင်း အခမ်းအနားလေးကိုလည်း ကျင်းပပြီးခဲ့ပြီ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ မင်းသား Weir Sukollawat ဟာ သူ့ရဲ့ ချစ်သူ ကောင်မချောလေးရဲ့ မျက်နှာကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူတို့စုံတွဲရဲ့ အချစ်ဇာတ်လမ်းကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာကို တွေ့ရမှာပါ။

သူ့ရဲ့ ချစ်သူအသစ်ဖြစ်တဲ့ Vicki ကတော့ ထိုင်းနိုင်ငံ တော်ဝင်မိသားစုဝင်နွယ် သန်းကြွယ်သူဌေး မိဘတွေရဲ့ သမီးဖြစ်ပါတယ်။ Vicki ဟာ နိုင်ငံခြားမှာ မဟာဘွဲ့ လေ့လာနေတာဖြစ်ပြီး လက်ထပ်ပွဲကြောင့် ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့တာပါ။

မင်းသား Weir Sukollawat ဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ က ပွဲတစ်ခုမှာ ပရိတ်သတ်နဲ့ မီဒီယာသမားတွေရှေ့မှာပဲ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ချစ်သူ Vicki နဲ့ လက်ထပ်တော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ရင်း အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကလေးလိုချင်ကြောင်းပါ ပြောပြလာခဲ့ပါတော့တယ်။

သို့သော်လည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာတော့ မင်းသားရဲ့ Instagram မှတဆင့် လက်စွပ်ဓာတ်ပုံလေး တစ်ပုံကို တင်ထားခဲ့ပါတယ်။ သူ့ရဲ့ အနာဂတ် ဇနီးမယားလေးနဲ့ အခုလို မင်္ဂလာလက်စွပ် အပြန်အလှန် ဝတ်ဆင်းရင်း လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေငြာသွားခဲ့တာပါ။

Weir က “ကျွန်တော် ဇာတ်လမ်းတွဲထဲမှာ ဒီလိုလုပ်ဖူးပါတယ်။ နောက်ဆုံးတော့ လက်တွေ့ ဖြစ်လာခဲ့ပြီပေါ့ဗျာ။ နှစ်ယောက်စလုံးကို ပေးပို့တဲ့ တောင်းဆုဆန္ဒတွေ၊ အားပေးမှုတွေအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ အဆိုပါဓာတ်ပုံလေးမှာ ဖော်ပြလို့သွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မင်းသား Weir ကို အနုပညာလောကရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်တွေက အားရဝမ်းသာနဲ့ ဂုဏ်ပြု စကားလေးတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတော့တယ်။ Weir ရဲ့ ထုတ်ဖော်ပြောကြားချက်အရ တရားဝင် မင်္ဂလာပွဲကိုတော့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.