အခွန်ရှောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ မင်းသမီးချော Zhao Liying ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှု

အခွန်ရှောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ မင်းသမီးချော Zhao Liying ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှု

မင်းသမီးချော Zhao Liying ဟာ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကပဲ အခွန်ရှောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Zhao Liying ရဲ့ ဥပဒေချိုးဖောက်တယ်ဆိုတဲ့ သတင်းများကို ရှန်ဟိုင်းအခွန်ဌာနမှ ငြင်းဆိုရတဲ့အထိ မင်းသမီးရဲ့ ဇာတ်လမ်းဟာ လူအများရဲ့ အာရုံစိုက်မှုတစ်လု ဖြစ်လာခဲ့တာပါ။

သို့ပေမဲ့လည်း မင်းသမီးက သူမအား အသရေဖျက်ပြီး သတင်းမှားများ လွှင့်ခဲ့သူနှစ်ဦးကို တရားစွဲဆိုထားပြီးဖြစ်ပါတယ်။

သို့သော်လည်း QQ မှ သတင်းရင်းမြစ်တစ်ခုအရ Zhao Liying ယာ လက်ရှိမှာ တရုတ် A-list မင်းသမီး အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေပြီး တစ်နှစ်ကို ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတယ်လို့ သိရသလို သူမဟာ တရုတ် ရုပ်ရှင်လုပ်ငန်းရဲ့ အကြီးဆုံး အနုပညာရှင်ထဲမှ တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

သတင်းရင်းမြစ်တွေအရ မင်းသမီးချောရဲ့ လက်ရှိပိုင်ဆိုင်မှုတွေဟာ အသားတင်တန်ဖိုး အမေရိကန် ဒေါ်လာ ၆၁ သန်းကျော် ရှိတယ်လို့ သိရပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံ ဖျော်ဖြေရေးလောကရဲ့ အချမ်းသာဆုံး Top 5 ထဲမှာ ရှိနေလောက်တဲ့ ပမာဏမျိုးပါ။

Zhao Liying ရဲ့ ဝင်ငွေတွေဟာ ရုပ်ရှင်ရိုက်ခြင်း၊ သရုပ်ဆောင်ခြင်း၊ ကြော်ငြာခြင်းနှင့် အခြား ဖျော်ဖြေရေးကဏ္ဍတွေမှာ ပါဝင်ခြင်းများမှတဆင့် ရရှိလာတဲ့ ၀င်ငွေများဖြစ်သလို သူမရဲ့ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေကလည်း လက်ဖျားမှာ ငွေသီးလို့နေတဲ့ မီလျံနာ မင်းသမီးချောလေး ဖြစ်လို့နေတာပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *