Seo Ji Hye နဲ့အနမ်းဇာတ်ဝင်ခန်းတွေများစွာပါဝင်တာကြောင့် ‘Kiss Sixth Sense’ ဇာတ်လမ်းတွဲကို ဇနီးဖြစ်သူနဲ့အတူမကြည့်ဘူးဆိုတဲ့ Yoon Kye Sang

ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Yoon Kye Sang ဟာဆိုရင် ‘Kiss Sixth Sense’ ဇာတ်လမ်းတွဲထဲမှာ သူ့အနေနဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်ဆိုပေမယ့်လည်း အဆိုပါဇာတ်လမ်းတွဲကို ဇနီးဖြစ်သူနဲ့အတူမကြည့်ဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
“တကယ်ဆိုရင် အဲဒီဇာတ်ကားကိုကြည့်ရမှာ ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ခံစားမိတယ်ဗျ … ဒီဇာတ်ကားကို ကျွန်တော့်ရဲ့ ဇနီးဆီက ခွင့်ပြုချက်ရပြီးမှ လက်ခံရိုက်ကူးဖြစ်တယ်ဆိုပေမယ့် ရိုက်ကူးနေတဲ့အချိန်မှာတော့ ဒီကားအကြောင်းကို အများကြီးမပြောပြခဲ့ဘူး … ဇာတ်ကားပြတဲ့အချိန်မှာလည်း သူနဲ့အတူမကြည့်ဖြစ်ခဲ့ဘူး”
“နောက်ပြီး ဒီဇာတ်လမ်းတွဲက အသက်ကန့်သတ်ထားတဲ့ ဇာတ်ဝင်ခန်းတွေပြည့်နေတယ်ဆိုတာထက် အနုပညာနဲ့ပိုပြီးတူပါတယ် … တကယ်လို့ ဒီအနုပညာလုပ်ကို တစ်သက်လုံးလုပ်သွားရမယ်ဆိုရင် ကျွန်တော်ကတော့လုပ်နေမှာပဲ … ကျွန်တော့်မိန်းမကလည်း ကျွန်တော့်အလုပ်ကို ခြွင်းချက်မရှိ အပြည့်အ၀အားပေးတယ်ဆိုတော့ ကျွန်တော်လုပ်သွားဖြစ်မှာပါ” လို့ဆိုကာ Yoon Kye Sang က ပြောပြသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါဇာတ်လမ်းတွဲထဲမှာဆိုရင် အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ Yoon Kye Sang နဲ့ Seo Ji Hye တို့ရဲ့ အနမ်းဇာတ်ဝင်ခန်းတွေက ပုံမှန်ထက် ပိုမိုများပြားစွာပါဝင်ခဲ့ပြီး သူတို့နှစ်ယောက်ရဲ့သရုပ်ဆောင်မှုတွေဟာလည်း လိုက်ဖက်လွန်းလှတာကြောင့် ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုတွေကို တစ်ခဲနက်ရရှိခဲ့တာတွေ့ရပါတယ်။
Yoon Kye Sang ဟာဆိုရင် ဇနီးဖြစ်သူနဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ရွှေလက်တွဲခဲ့တာဖြစ်ပြီး သူ့ရဲ့ဇနီးကတော့ ကိုရီးယားအလှကုန်အမှတ်တံဆိပ်တစ်ခုမှ CEO ဖြစ်တယ်လို့ သိရပါတယ်။
Ref : GStarLive
Nemo