ကိုရီးယားရဲ့ တန်ကြေးအမြင့်ဆုံး အိမ်ခြံမြေတွေကို ပိုင်ဆိုင်ထားခဲ့ကြတဲ့ အနုပညာရှင်များ

ကိုရီးယားရဲ့ တန်ကြေးအမြင့်ဆုံး အိမ်ခြံမြေတွေကို ပိုင်ဆိုင်ထားခဲ့ကြတဲ့ အနုပညာရှင်များ

ဖျော်ဖြေရေးနယ်ပယ်ထဲက ကိုရီးယားအနုပညာရှင်တွေရော၊ သရုပ်ဆောင်တွေရော၊ အဆိုတော်တွေရောက မြောက်မြားလှစွာတဲ့ ဝင်ငွေတွေမဲ့ အသက်မွေးဝမ်းကြောင်း ပြုနေနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။

သူတို့ရဲ့ အပြင်ဘဝတွေကို ကြည့်မယ်ဆိုရင် ဒေါ်လာ သန်းပေါင်းများစွာ တန်တဲ့ အိမ်ခြံမြေတွေဝယ်ဖို့ ငွေကြေးစုဆောင်းလေ့ရှိပြီး အမြဲတမ်း အိမ်ခြေံမြေစျေးကွက်မှာ ရင်းနှီးမြှုပ်နှံလေ့ရှိတာကို တွေ့ရမှာပါ။ ဒီနေ့မှာတော့ “People” က ထုတ်ပြန်ပေးလိုက်တဲ့ ကိုရီးယားရဲ့ တန်ကြေးအမြင့်ဆုံး အိမ်ခြံမြေတွေကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

1. Rain နဲ့ Kim Tae Hee

သန်းကြွယ်သူဌေး ဇနီးမောင်နှံလေးဖြစ်တဲ့ Rain နဲ့ Kim Tae Hee တို့ရဲ့ နှစ်ယောက်ပေါင်း ပိုင်ဆိုင်ကြွယ်ဝမှုဟာ စုစုပေါင်း အသားတင်တန်ဖိုး ဒေါ်လာ ၄၂.၈ သန်းခန့် ရှိပါတယ်။

အဲဒီအထဲမှာ ဆိုးလ်၊ Hannam က မိုးမျှော်တိုက်ဟာ ဒေါ်လာ ၅.၁ သန်း ထက် ပိုကုန်ကျပြီး Gangnam က ဒေါ်လာ ၁၁.၁ သန်းတန် အဆောက်အဦး၊ ဒေါ်လာ ၅.၃ သန်းတန် Cheongdam က အိမ်ကြီးနဲ့ ဒေါ်လာ ၂၁.၄ သန်းတန် စီးပွားရေးစင်တာ တို့အပြင် နောက်ထပ် ဒေါ်လာ ၁၇.၁ သန်းကိုလည်း အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံထားခဲ့ကြောင်း သိရပါတယ်။

2. Song Hye Kyo

ထိပ်တန်းမင်းသမီးချော Song Hye Kyo မှာလည်း Samseong-dong တွင် အိမ်ခန်း ၃ ခန်းရှိပြီး တစ်ခန်းကို ဒေါ်လာ ၇ သန်းနီးပါး တန်ကြေးရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်၊ နယူးယောက်မြို့မှာလည်း သူမဟာ အိမ်တစ်လုံး ပိုင်ဆိုင်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

ထို့အတူ မကြာသေးမီကပဲ Song Hye Kyo ဟာ Hannamdong ရှိ တိုက်ခန်းတစ်ခန်းကို ဒေါ်လာ ၁၇.၈ သန်းဖြင့် ဝယ်ယူထားခဲ့တာပါ။

3. Jun Ji Hyun

နာမည်ကျော် မင်းသမီးချော Jun Ji Hyun ဟာလည်း Gangnam တွင် ပိုင်ဆိုင်မှု ဒေါ်လာ ၈.၅ သန်း ရှိပြီး Yongsan တွင် ၂၀ ဘီလီယံ ပိုင်ဆိုင်မှု နှင့် Gangnam ရှိ အခြားသော ပိုင်ဆိုင်မှုများလည်း ရှိနေပါတယ်။

4. Kang Daesung

BIGBANG အဖွဲ့ဝင် Daesung ဟာလည်း Apgujeong အနီးရှိ တန်ကြေးမြင့် ရှစ်ထပ် အဆောက်အအုံ တစ်လလုံးကို ဝယ်ယူခဲ့ကြောင်း သိရပြီး မြေညီထပ်မှာလည်း ကိုယ်ပိုင်ကော်ဖီဆိုင် ဖွင့်ထားခဲ့ရာမှာ တစ်လကို ဒေါ်လာ ၈၄,၉၆၃ ပျမ်းမျှ ရရှိနေတယ်လို့ သိရပါတယ်။

5. G-Dragon

K-Pop ရဲ့ fashion icon နဲ့ K-Pop king တို့ဖြစ်တဲ့ BIGBANG ရဲ့ ခေါင်းဆောင် G-Dragon ဟာ ၂၀၁၇ က ဒေါ်လာ ၇.၉ သန်း တန်ဖိုးရှိ အိမ်ခြံမြေကို ဝယ်ယူခဲ့ပြီး မကြာသေးမီကမှ ဒေါ်လာ ၇.၃ သန်းတန် အိမ်သို့ပြောင်းရွှေ့သွားခဲ့တာပါ။

ဒါ့အပြင် Yongsan-gu, ဆိုးလ်မှာ တည်ရှိတဲ့ ကိုရီးယားရဲ့ တန်ကြေးအမြင့်ဆုံး ‘Nine One Hannam’ penthouse ကိုလည်း ဒေါ်လာ ၁၃.၂ သန်းဖြင့် လက်ငင်းငွေသားနဲ့ ချေကာ ဝယ်ယူထားခဲ့ပါတယ်။

6. Bae Suzy

အဆိုတော်-မင်းသမီးချောလေး Bae Suzy ဟာလည်း ဒေါ်လာ ၃.၃ သန်း တန်ကြေးရှိတဲ့ နေအိမ်တစ်လုံးရှိတဲ့အပြင် ဒေါ်လာ ၃ သန်းတန် Gangnam ဧရိယာက အိမ်တစ်လုံးလည်းရှိပါသေးတယ်။

ဒါတင်မကဘဲ သူမဟာ သူမရဲ့အိမ်ခြံမြေတွေကို အငှားချထားရာမှနေလည်း ဒေါ်လာ ၁၅,၀၀၀ အထိ လစဥ် ၀င်ငွေရရှိနေသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *