“Left and Right” ရဲ့ အကြောင်းအရာဟာ Gay love ဖြစ်တယ်လို့ ဆိုလာခဲ့တဲ့ Charlie Puth

“Left and Right” ရဲ့ အကြောင်းအရာဟာ Gay love ဖြစ်တယ်လို့ ဆိုလာခဲ့တဲ့ Charlie Puth

ပရိသတ်များထံမှ သီအိုရီများစွာကို လက်ခံရရှိခဲ့ပြီးနောက် Charlie Puth ဟာ သူ့ရဲ့ “Left and Right” MV ဟာ လိင်တူချစ်သူရဲ့ အကြောင်းအရာဖြစ်ကြောင်း သွယ်ဝိုက်ကာ အတည်ပြုသွားခဲ့ပါတယ်။

အမေရိကန် Pop star Charlie Puth နဲ့ BTS အဖွဲ့ဝင် Jungkook တို့ကြားက ပထမဆုံး တရားဝင် collaboration လေးအဖြစ် “Left And Right” MV လေးဟာ ဇွန်လ ၂၄ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။

သီချင်းရဲ့ MV လေးပါ ပူးတွဲထွက်ရှိလာခဲ့ပြီး ခပ်မြူးမြူးနဲ့ ပျော်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတော့တယ်။ အထူးသဖြင့် MV ကို ကြည့်ပြီးနောက်မှာ ပရိသတ်တွေက “Left and Right” က အချစ်ဇာတ်လမ်းဟာ Gay အကြောင်းအရာ ဖြစ်ကြောင်း ပရိသတ်များစွာက ယူဆခဲ့ကြတာပါ။

MV မှာ Charlie Puth သည် စိတ်ကုဆရာထံသွားပြီး အကူအညီ တောင်းရလောက်အောင် တစ်စုံတစ်ဦးကို စိတ်ထဲမှ ရုန်းထွက်နိုင်ရန် ရုန်းကန်နေပုံကို ပြသထားပြီး စိတ်ကုဆရာမှလွဲ၍ MV မှာ ပေါ်လာတဲ့ တစ်ခုတည်းသော ဇာတ်ကောင်မှာ Jungkook ဖြစ်တာကြောင့် Charlie ဟာ Jungkook အတွက် ခံစားချက်တွေရှိနေပြီး သူ့အကြောင်းကို တွေးတောနေတာတွေ ရပ်တန့်၍ မရနိုင်ကြောင်း သီအိုရီက လှုံ့ဆော်ပေးခဲ့တာပါ။

ဒါ့အပြင် LGBT အသိုက်အဝန်းကို ဂုဏ်ပြုတဲ့ တစ်လတာဖြစ်တဲ့ Pride Month မှာလည်း ဒီ MV ကို ထုတ်လွှင့်ခဲ့တာဖြစ်သလို မကြာသေးမီကပဲ Charlie Puth ကိုယ်တိုင်က MV အောက်က ပရိသတ်တစ်ဦးရဲ့ comment ကို screenshot ပုံတစ်ခု တင်ထားခဲ့ခြင်းဖြင့် ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကို သွယ်ဝိုက် အတည်ပြုခဲ့ပုံရပါတယ်။

သဘောတူပါတယ်လို့ ဆိုလိုရတဲ့ အီမိုဂျီနှစ်ခုကို Charlie က ထည့်ထားခဲ့တာပါ။ MV ဟာ လိင်တူချစ်သူတွေရဲ့ အချစ်ရေး ဖြစ်တယ်ဆိုတာကို သိရှိလာခဲ့ခြင်းကြောင့် ကြည့်ရှုသူ အများအပြားဟာလည်း “Left and Right” အတွက် ပိုမိုအားပေးမှုတွေကို ပြသထားခဲ့ကြပါတယ်။

လက်ရှိမှာတော့ Jungkook နဲ့ Charlie Puth တို့ရဲ့ “Left and Right” MV ဟာ ကြည့်ရှုမှု ၇၅ သန်းအထိ ရှိလာပြီး ၂ ပတ်ကျော် ကြာပြီးနောက် Youtube ရဲ့ trending music မှာလည်း No. 8 နေရာမှာ ရှိနေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *