၅ နှစ်ကြာပြီးနောက် ပထမဆုံးအကြိမ်ဇာတ်လမ်းတွဲပြန်လည်ရိုက်ကူးဖို့ ပြင်ဆင်နေတဲ့ Goo Hye Sun

ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ကိုရီးယားမင်းသမီးတစ်လက်ဖြစ်တဲ့ Goo Hye Sun ဟာဆိုရင် လက်ရှိအချိန်မှာ ဇာတ်လမ်းတွဲအသစ် ပြန်လည်ရိုက်ကူးဖို့အတွက် ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒီအကြောင်းကို Goo Hey Sun က MAG & JINA ဖက်ရှင်မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာဖွင့်ဟပြောသွားခဲ့တာဖြစ်ပြီး အဆိုပါဇာတ်လမ်းတွဲအသစ်အတွက်ကိုလည်း အကောင်းဆုံးကြိုးစားအားထုတ်ထားတယ်လို့ ဆိုပါတယ်။

Goo Hye Sun ဟာ အနုပညာလောကထဲကို ၂၀၀၂ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ သရုပ်ဆောင်မင်းသမီးတစ်ယောက်အပြင် ရုပ်ရှင်ဖန်တီးသူ၊ ပန်းချီပညာရှင်နဲ့ စာရေးဆရာမအဖြစ်နဲ့ပါ ရပ်တည်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမဟာ ‘Dark Yellow’ Short Film နဲ့ ‘Short Shorts Film Festival & Asia 2022′ မှာ “Audiences’ Choice” ဆုကို လက်ခံရရှိထားပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *