မင်းသမီး Angelababy နဲ့ ရုပ်ချင်းဆင်တာကြောင့် ရေပန်းစားလာခဲ့တဲ့ မူကြိုဆရာမလေး

မင်းသမီး Angelababy နဲ့ ရုပ်ချင်းဆင်တာကြောင့် ရေပန်းစားလာခဲ့တဲ့ မူကြိုဆရာမလေး

အသက် ၃၃ နှစ်အရွယ် မင်းသမီးချော Angelababy ဟာ Huang Xiaoming နဲ့ ကွာရှင်းပြတ်စဲပြီး မကောင်းသတင်းများ မကြာခဏ ထွက်ပေါ်နေခဲ့သလို သူမရဲ့ အပြုအမူတွေကြောင့်လည်း လူအများက ကြိမ်ဖန်များစွာ ပြစ်တင်ရှုတ်ချလေ့ရှိသော်လည်း သူမရဲ့ အလှတရားကိုတော့ ငြင်းဆန်လို့မရပါဘူး။

အဲ့တာကြောင့်လည်း အချို့သော လှပပြီး မင်းသမီးနဲ့ ရုပ်ချင်းဆင်တဲ့သူတွေက Angelababy နဲ့ တူတယ်လို့ ချီးကျူးခံရတဲ့ အခါမျိုးတွေရှိနေတာပါ။ မကြာသေးမီကပဲ နောက်ထပ် Angelababy နဲ့ ရုပ်ချင်းဆင်သူသူကို ပရိသတ်တွေက တွေ့ရှိခဲ့ကြပါတယ်။

ယခုတစ်ကြိမ်မှာတော့ ဒီကောင်မလေးဟာ မင်းသမီးနဲ့ အတော်လေး ဆင်တူနေတာကြောင့် ပြည်သူလူထု အများစုကတောင် အာရုံစိုက်ခံခဲ့ရတဲ့ တရုတ်နိုင်ငံက မူကြိုဆရာမ တစ်ယောက်ဖြစ်ပါတယ်။

အလွန်ချောမောတာကြောင့် ဒီမူကြိုဆရာမလေးဟာ ကျောင်းရှိ ဖေဖေများကို ဆွဲဆောင်လျက်ရှိနေပြီး ကျောင်းသွားကြိုလေ့ မရှိကြတဲ့ ကလေးအဖေများကပါ ဆရာမလေးကို မြင်တွေ့ခွင့်ရဖို့ ကလေးတွေကို လာကြိုနေကြပြီလို့လည်း သိရပါတယ်။

ဆရာမလေးဟာ ရုပ်ရည်လည်း ချောမောသလို ကလေးတွေကိုလည်း အရမ်းဂရုစိုက်တယ်လို့ သိရပါတယ်။ မိခင်များကတော့ ဒီကိစ္စအတွက် အလွန် စိတ်မချမ်းသာ ဖြစ်နေခဲ့ကြကြောင်း သတင်းများအရ သိရသလို တချို့ကတော့ ဆရာမလေးကို ကျောင်းထုတ်ပစ်ဖို့ ဝိုင်းဖွဲ့တောင်းဆိုနေခဲ့ကြတယ်လို့ အွန်လိုင်းက ဆွေးနွေးမှုတွေ ပေါက်ကြားလာခဲ့ပါတယ်။

Netizens အများအပြားကတော့ မင်းသမီးနဲ့ ရုပ်ချင်းဆင်တာဟာ ရာဇ၀တ်မှုတစ်ခု မဟုတ်ကြောင်းနဲ့ ခင်ပွန်းသည်တွေကို ထိန်းကျောင်းရမယ့်အစား ဆရာမကို အပြစ်တင်နေခဲ့လို့ အံ့အားသင့်ခဲ့ကြပြီး ဆရာမလေးကို ထောက်ခံတဲ့အနေနဲ့ သူမအား ထုတ်ပစ်ရန် အကြောင်းပြချက်မရှိဘူးလို့ ချေပပေးခဲ့ကြပါသေးတယ်။

Leave a Reply

Your email address will not be published.