စစ်မှုထမ်းတာဝန်နဲ့ ကင်းလွတ်နိုင်ဖွယ်ရှိနေတဲ့ BTS အဖွဲ့

စစ်မှုထမ်းတာဝန်နဲ့ ကင်းလွတ်နိုင်ဖွယ်ရှိနေတဲ့ BTS အဖွဲ့

ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီး Park Bo Kyun ကတော့ K-Pop idol အဖွဲ့ BTS နှင့်ပတ်သက်ပြီး စစ်မှုထမ်တာဝန် ကင်းလွတ်ခွင့်ကိစ္စနှင့် စပ်လျဥ်း၍ သတိကြီးစွာထားကာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဝန်ကြီး Park Bo Kyun က ဇူလိုင် ၄ ရက်နေ့မှာ Sejong Government Complex ၌ နိုင်ငံတော်က မီဒီယာသမားများစွာကို ဖိတ်ကြားရင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။ အဲဒီနေ့မှာ သူဟာ မေးခွန်းမျိုးစုံကို လက်ခံရရှိခဲ့ပြီး BTS ရဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ကင်းလွတ်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေးအမြင်တွေကိုလည်း အခုလို ထုတ်ဖော်သွားခဲ့ပါတယ်။

ဝန်ကြီးက “ယဉ်ကျေးမှု ပေါ်လစီမှာ တီထွင်ဖန်တီးသူတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်မှုတွေ အတွက် စည်းမျဉ်း ပြုပြင်ပြောင်းလဲမှုကို ကတိပြုထားပေမယ့် ပေါ့ပ်ယဉ်ကျေးမှု အနုပညာရှင်တွေအတွက်တော့ စစ်မှုမထမ်းမနေရ ကင်းလွတ်ခွင့်ကို ဆွေးနွေးတဲ့အခါ လူထုအမြင်ကို ပထမဆုံး ထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ ကျွန်တော် ဆိုလိုတာက BTS ရဲ့ စစ်မှုမထမ်းမနေရ ဆိုတဲ့ ခေါင်းစဉ်ပါ။”

ဆက်လက်ပြီး “BTS က ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ယဥ်ကျေးမှု အဆင့်အတန်းကို တခဲနက် မြှင့်တင်ပေးထားနိုင်ခဲ့တာပါ” လို့ ဆိုကာ “အခြေခံအနုပညာနှင့် ရေပန်းစားတဲ့ အနုပညာများကြားမှာတော့ သာတူညီမျှမှုတဲ့ ပြဿနာတစ်ခု ရှိလို့နေပါတယ်။ စစ်မှုထမ်းခြင်းဟာ နိုင်ငံတော်ရဲ့ တာဝန်ဖြစ်တယ်။ အများသူငှာ ထင်မြင်ယူဆချက်က တခြားအရာတွေထက် ပိုအရေးကြီးတယ်လို့ ယုံကြည်ပါတယ်။”

မေလအစောပိုင်းက ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဟောင်း Hwang Hee က ရာထူးမှ မနှုတ်ထွက်မီ သတင်းစာရှင်းလင်းပွဲမှာ BTS ကဲ့သို့သော Pop ယဉ်ကျေးမှု အနုပညာရှင်များအတွက် စစ်မှုထမ်းခြင်း ကင်းလွတ်ခွင့်ပါရှိသည့် စစ်မှုထမ်းဥပဒေအား ပြင်ဆင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားသွားခဲ့ဖူးတာပါ။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ထူးချွန်ထက်မြက်တဲ့ Pop ယဉ်ကျေးမှု အနုပညာရှင်များအား စစ်မှုထမ်းခွင့် ကင်းလွတ်ပြီး အမြဲတမ်း အနုပညာရှင်များအဖြစ် အစားထိုးဝန်ဆောင်မှုသို့ လွှဲပြောင်းခွင့်ပြုရန် တောင်းဆိုထားတဲ့ စစ်မှုထမ်း ဥပဒေကိုတော့ ပြန်လည်ပြင်ဆင်ခွင့်ရရန် အမျိုးသားလွှတ်တော်တွင် စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.