Bella Ranee အပါအဝင် အနုပညာရှင် အများအပြားက ဂုဏ်ပြုပေးခဲ့ကြတဲ့ Weir ရဲ့ မင်္ဂလာသတင်း

Bella Ranee အပါအဝင် အနုပညာရှင် အများအပြားက ဂုဏ်ပြုပေးခဲ့ကြတဲ့ Weir ရဲ့ မင်္ဂလာသတင်း

ဇူလိုင်လ ၃ ရက်နေ့က မင်းသား Weir Sukollawat က သူ့ရဲ့ Instagram မှာ အမှတ်တရ ဓာတ်ပုံလေးတစ်ပုံကို မျှဝေသွားခဲ့ပါတယ်။

ဓာတ်ပုံထဲမှာတော့ Weir ဟာ သူ့ရဲ့ အနုပညာ အသိုင်းအဝိုင်းထဲက မဟုတ်တဲ့ ချစ်သူကောင်မလေး Vicki ကို စေ့စပ်လက်စွပ်လေး ဝတ်ဆင်လို့ပေးနေပုံကို ဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီဓာတ်ပုံလေးရဲ့ caption မှာတော့ Weir က “ကျွန်တော် ရုပ်ရှင်နဲ့ တီဗီဒရာမာတွေမှာသာ ဒါမျိုးလုပ်ဖူးပါတယ်။ နောက်ဆုံးတော့ လက်တွေ့ဘဝမှာ သူ့လက်ချောင်းပေါ်မှာ လက်စွပ်တစ်ကွင်းကို ဝတ်ဆင်ပေးနိုင်ခဲ့ပါပြီ။ ပရိသတ်တွေရဲ့ တောင်းဆုဆန္ဒနဲ့ အားပေးမှုတွေအတွက် ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။ 5-4-3-2-1 Action” ဆိုပြီး ရေးသားသွားခဲ့တာပါ။

ဒီမင်္ဂလာသတင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း ရည်းစားဟောင်းဖြစ်သူ Bella Ranee အပါအဝင် Dj Push, Mint Chalida, Kwan Usamanee, Cee Siwat, Noey Chotika တို့ အပါအဝင် နာမည်ကြီး အနုပညာရှင် တော်တော်များများက သူ့ကို ချီးကျူးဂုဏ်ပြုဖို့ comment တွေ ချန်ထားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *