Recording မှာ အဖွဲ့ဝင်တွေရဲ့ အသံပြန်ကြားရတော့ ဝမ်းသာမျက်ရည်ကျခဲ့တဲ့ Yoona

Recording မှာ အဖွဲ့ဝင်တွေရဲ့ အသံပြန်ကြားရတော့ ဝမ်းသာမျက်ရည်ကျခဲ့တဲ့ Yoona

Girls’ Generation ဟာ “Soshi Tam Tam” နဲ့အတူ ၅ နှစ် အကြာမှာတော့ ပြီးပြည့်စုံသော အဖွဲ့အဖြစ် ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

ဇူလိုင်လ ၅ ရက်နေ့မှာ ပထမဆုံးထုတ်လွှင့်ခဲ့တဲ့ JTBC ၏ “Soshi Tam Tam” မှာဆော့ Girls’ Generation အဖွဲ့ဝင်တွေ အားလုံးက သူတို့ရဲ့ ၁၅ နှစ်မြောက် ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ဖက်ရည်ပါတီလေး ကျင်းပသွားခဲ့တာပါ။

ပထမအပိုင်းလေးမှာပဲ Girls’ Generation အဖွဲ့ဝင်များဟာ သူတို့ရဲ့ ပွဲဦးထွက်သီချင်း “Into The New World” မှ ၂၀၁၇ ခုနှစ်မှာ နောက်ဆုံး ထွက်ရှိခဲ့တဲ့ “All Night” အထိ concept အမျိုးမျိုးကို ၀တ်ဆင်ထားကြပြီး ကြိုတင် မတိုင်မင်ခဲ့ကြဘဲ အခုလိုမျိုး ဝတ်ဆင်ခဲ့ကြတာကြောင့် သူတို့ကိုယ်တိုင်လည်း အံ့အားသင့်နေခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ အဖွဲ့ဝင်တွေအားလုံး စုံစုံလင်လင်နဲ့ ပထမဆုံးအကြိမ်အဖြစ် Kimbap တွေ အတူတူစားကြရင်း ခရီးအတူတူ ထွက်ခဲ့ကြပါတော့တယ်။ အဖွဲ့ဝင်များဟာ ပင်လယ်ပြာဆီကို ရောက်ရှိခဲ့ကြပြီး အချိန်အနည်းငယ်ကြာ ဖြတ်သန်းခဲ့အပြီးမှာတော့ နေ့လည်စာ အတူတူ သုံးဆောင်ခဲ့ကြပါတယ်။

သူတို့တည်းခိုရာကို သွားနေတုန်းမှာပဲ Tiffany က “ငါတို့ သီချင်းအသစ်ကို အတူတူ မဆိုရတာကြာပြီနော်။ နင်တို့ ဘယ်လိုခံစားရလဲ။” လို့ မေးမြန်းသွားခဲ့ရာမှာ Yoona က “ငါက အသံသွင်းတာကို အပြီးသတ်တဲ့ နောက်ဆုံးအဖွဲ့ဝင်ပါ။ အဖွဲ့ဝင်တွေရဲ့ အသံကို ကြားလိုက်ရတော့ ရင်ထဲမှာ တုန်လှုပ်သွားတယ်။

“အရမ်းစိတ်လှုပ်ရှားလွန်းလို့ ငိုတောင်ငိုမိတယ်။ သြော် ဒါတကယ် Girls’ Generation ပဲ ဆိုတာ သိလိုက်ရတယ်” လို့ သူမရဲ့ ခံစားချက်ကို ပြောကြားသွားခဲ့ပါတော့တယ်။ Girls’ Generation ဟာ သူတို့ရဲ့ comeback album အတွက် ပြင်ဆင်နေပြီဖြစ်ပြီး နောက်လထဲမှာ ထွက်ရှိလို့လာတော့မှာဖြစ်ပါတယ်နော်။

Leave a Reply

Your email address will not be published.