Netflix ရဲ့ Variety Show လေးမှာ ပြန်လည်ဆုံစည်းခဲ့ကြတဲ့ Running Man က Trio အတွဲ

Netflix ရဲ့ Variety Show လေးမှာ ပြန်လည်ဆုံစည်းခဲ့ကြတဲ့ Running Man က Trio အတွဲ

Yoo Jae Suk, Kim Yeon Koung နဲ့ Lee Kwang Soo တို့က Netflix ရဲ့ variety show မှာ ပြန်လည် ပေါင်းစည်းသွားကြပါတော့မယ်။

Netflix ရဲ့ variety show “Korea No.1” ဟာ Yoo Jae Suk, Kim Yeon Koung နဲ့ Lee Kwang-soo တို့ သုံးယောက်အတွဲရဲ့ ကိုရီးယား နံပါတ် ၁ လက်သမား ဆရာများထံ လာရောက်ရင်း သူတို့ရဲ့ ကာယ၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားများကို သွန်းလောင်းကာ ရိုးရာလုပ်အားကို တွေ့ကြုံခံစားစေမယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

သုံးယောက်သားကတော့ ပြည်တွင်းက ဒေသန္တရ နေရာများသို့ သွားရောက်ကာ ကြမ်းတမ်းတဲ့ လက်သမားဘဝရဲ့ တစ်နေ့တာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံ ခံစားကြမှာဖြစ်ပါတယ်။ ကိုရီးယား ရိုးရာဓလေ့အတိုင်း ရိုးရိုးသားသား နေထိုင်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြတဲ့ နံပါတ် ၁ နေရာသို့ ခရီးသွား ၃ ဦးရဲ့ အသွင်အပြင်အပြင်တွေကလည်း ပရိသတ်တွေကို ဖမ်းစားလို့နေမှာပါ။

သူတို့ရဲ့ ဟာသဥာဏ်တွေ၊ မရပ်မနား စကားပြောဆိုမှုများတွေက စလို့ ခန္ဓာကိုယ် အချိုးအစားနဲ့ အရပ်အမောင်းတို့က အစ ကြည့်ရှုသူများကို ရယ်မောစေလိမ့်မယ်လို့ ယုံကြည်ရပြီး အထူးသဖြင့် Kim Yeon Koung နဲ့ Lee Kwang-soo တို့ရဲ့ ကြောင်နဲ့ကြွက် မောင်နှမ chemistry နဲ့ Yoo Jae Suk ရဲ့ စနောက်နေမှုတို့ဟာ “Korea No. 1” တွင်သာ မြင်တွေ့နိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ အချက်များ ဖြစ်ပါတယ်။

ရိုက်ကူးရေးက ထုတ်လွှင့်လာတဲ့ အကြိုဓာတ်ပုံများကို ကြည့်လိုက်မယ်ဆိုရင်လည်း Kim Yeon Koung နဲ့ Lee Kwang Soo တို့ရဲ့ အရပ်ရှည်တဲ့ လူနှစ်ယောက်ကြားက Yoo Jae Suk ရဲ့ ပေါင်းစပ်နေမှုဟာလည်း ကြည့်လိုက်ရုံနဲ့ကို ရယ်မောစေပါတယ်။

Netflix က ထုတ်လွှင့်လာမယ့် “Korea No.1” ဟာ Studio Modak ကို တည်ထောင်ပြီးနောက် PD Jung Hyo Min (Hyori’s Homestay, Witch Hunt) ရဲ့ ပထမဆုံး variety show လည်းဖြစ်သလို PD Jung Hyo Min နဲ့ Yoo Jae-suk တို့ဟာလည်း “Sugar Man”, “Laborhood on Hire” တို့နောက် “Korea No.1” ဖြင့် တတိယအကြိမ်မြောက် ပူးပေါင်းဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.