ဝေဖန်တိုက်ခိုက်လာတဲ့ မှတ်ချက်တစ်ခုကို Pin ထောက်ပြီး တုံ့ပြန်ပေးလိုက်တဲ့ Jeon So Min

သရုပ်ဆောင်မင်းသမီးတစ်လက်လည်းဖြစ်၊ Running Man ရဲ့လက်ရှိပင်တိုင်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ Jeon So Min ဟာဆိုရင် Running Man အစီအစဉ်ကို ဝင်ရောက်လာခဲ့ချိန်ကစပြီး ဒီနေ့အချိန်ထိ ပရိသတ်အချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ၊ လှောင်ပြောင်အပြစ်တင်မှုတွေကို ရရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီလိုအပြစ်တင်တိုက်ခိုက်မှုတွေကို ယခင်တုန်းကဆိုရင် Jeon So Min က လျစ်လျူရှုနေခဲ့ပေမယ့်လည်း နောက်ပိုင်းအချိန်ကာလတွေမှာတော့ ပုံစံတစ်မျိုးနဲ့ တုံ့ပြန်လာခဲ့တာကိုတွေ့ရပါတယ်။

အဲဒါကတော့ သူမရဲ့အင်စတာဂရမ်ပို့စ်အောက်မှ Comment Box မှာရေးသားလာတဲ့ တိုက်ခိုက်စာတွေကို Comment Box ရဲ့ ထိပ်ဆုံးမှာ ပေါ်လွင်နေအောင် Pin Post အဖြစ်ထားပေးလိုက်တာပါပဲ။

ဒီလိုထားလိုက်တယ်ဆိုရင် ယင်းဝေဖန်အပြစ်တင်ထားတဲ့မှတ်ချက်ကို ပို့စ်မြင်တွေ့သူတိုင်းက မြင်ရမှာဖြစ်ပြီး အခုတစ်ခါမှာလည်း သူမက အလားတူတုံ့ပြန်မှုမျိုးကို ပြုလုပ်ခဲ့ပါတယ်။

ရေးသားထားတဲ့မှတ်ချက်ကတော့ သူမကို Running Man အစီအစဉ်ကနေထွက်ခွာသွားစေလိုတာဖြစ်ပြီး အဆိုပါမှတ်ချက်ပိုင်ရှင်ကတော့ မြန်မာလူမျိုးတစ်ယောက်ဖြစ်နေတာကိုတွေ့ရပါတယ်။ ယင်းအွန်လိုင်းအသုံးပြုသူဟာ Jeon So Min အနေနဲ့ အခုလိုမျိုးသူ့ရဲ့မှတ်ချက်ကို Pin လုပ်လိုက်ပြီးချိန်မှာတော့ ချက်ချင်းဆိုသလို မှတ်ချက်ကိုပြန်လည်ဖျက်ချပစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အချိန်တိုအတွင်းမှာပဲ ဒီသတင်းအကြောင်းအရာနဲ့ Screenshot ပုံတွေဟာ ပျံ့နှံ့သွားခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ အွန်လိုင်းအသုံးပြုသူကိုရီးယားလူမျိုးအချို့က သူတို့ရဲ့မင်းသမီးဘက်ကနေ ကာကွယ်ပြောပေးကြလျက်ရှိနေပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.