ဇနီးလောင်းလေးနဲ့ အတူတူနေဖို့ တန်ကြေးမြင့် ဇိမ်ခံအိမ်ကြီးတစ်လုံး ဝယ်ယူလိုက်တဲ့ Weir

စေ့စပ်ထားကြပြီဖြစ်တဲ့ မင်းသား Weir Sukollawat နဲ့ ဇနီးလောင်းလေး Vicki တို့ရဲ့ မင်္ဂလာရက်နီးလာပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ လက်ထပ်တော့မှာပါ။

ဒါ့အပြင် Weir Sukollawat ဟာ လက်ထပ်ပြီးနောက် အနာဂတ်ဇနီးလေးနဲ့ အတူတူနေထိုင်ရန် မြို့တော်ရှိ ဇိမ်ခံအိမ်တစ်လုံးကို တန်ကြေးကြီးပေးချေပြီး ဝယ်ယူလိုက်ကြောင်း ပြည်တွင်းထုတ် ထိုင်းသတင်းစာတစ်စောင်က ဖော်ပြလို့လာခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ တူညီသောသတင်းရင်းမြစ်အရ မင်းသားဝယ်ယူခဲ့တဲ့ ဇိမ်ခံအိမ်ကြီးဟာ ဘတ်ငွေ ၃၅ သန်း မှ သန်း ၉၀ ကြား အနိမ့်ဆုံးဈေးရှိတယ်လို့ရှိပြီး မြို့တော်ရဲ့ တန်ကြေးအမြင့်ဆုံး အိမ်ကြီးဖြစ်သလို ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း မင်းသားရဲ့ အနာဂတ် ဇနီးမယားလေးနဲ့ နေထိုင်ဖို့ အိမ်ဝယ်မယ့် သတင်းနဲ့ ပတ်သက်ပြီး အခုချိန်ထိ အတိအကျ အတည်ပြုချက်တော့ မရှိသေးဘူးလို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ ဟိုးအရင်တုန်းကလည်း Weir ကိုယ်တိုင်က ဒီဇိမ်ခံအိမ်ဝယ်ပြီး ဇနီးလောင်းလေးနဲ့ နေထိုင်သွားမယ့်အကြောင်းကို ထုတ်ဖော်ခဲ့ဖူးတာမို့ သတင်းအမှန်လို့ပဲ လူအများက ထင်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *