သရုပ်ဆောင် Cha Hyeon Woo နဲ့လက်ထပ်မယ့်အကြောင်းကို ကိုယ်တိုင်အသိပေးကြေညာလိုက်တဲ့ မင်းသမီး Hwang Bora

ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ကိုရီးယားမင်းသမီးတစ်လက်ဖြစ်တဲ့ Hwang Bora ဟာဆိုရင် မကြာခင်အချိန်အတွင်းမှာ သရုပ်ဆောင် Cha Hyeon Woo နဲ့လက်ထပ်တော့မှာဖြစ်ပြီး ဒီအကြောင်းကိုတော့ ဇူလိုင်လ ၆ ရက်နေ့ မနေ့တုန်းက သူမရဲ့အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် သူမကိုယ်တိုင်အသိပေးကြေညာခဲ့ပါတယ်။

အဆိုပါအသိပေးချက်အရတော့ သူမတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို လာမယ့်နိုဝင်ဘာလမှာကျင်းပပြုလုပ်သွားမှာ‌ဖြစ်တယ်လို့သိရပြီး သူမတို့ကို ဂုဏ်ပြုအားပေးကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောသွားခဲ့တာကို တွေ့ရပါတယ်။

Hwang Bora ဟာဆိုရင် ၁၉၈၃ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် သူမရဲ့အသက်က ၃၉ နှစ်အရွယ်ရှိလို့နေပြီဖြစ်ပါတယ်။ သရုပ်ဆောင်လောကထဲကိုတော့ အသက် ၂၀ အရွယ်မှာ စတင်ဝင်ရောက်ခဲ့ပြီး အဲဒီနောက် ဇာတ်ပို့သရုပ်ဆောင်အဖြစ်နဲ့ ဇာတ်ကားတွေများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ကာ ခင်ပွန်းလောင်းဖြစ်သူ Cha Hyeon Woo နဲ့ကတော့ ချစ်ကြိုက်လာခဲ့တာ ၁၀ နှစ်မျှရှိနေပြီလို့ သိရပါတယ်။

Cha Hyeon Woo ဆိုတာကတော့ Hwang Bora ရဲ့လက်ရှိအေဂျင်စီမှ CEO ဖြစ်ပြီး သရုပ်ဆောင်၊ အဆိုတော်နဲ့ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လည်း ရပ်တည်လှုပ်ရှားခဲ့ဖူးကာ သူ့ရဲ့နာမည်အရင်းကတော့ Kim Young Hoon ဖြစ်ပါတယ်။ ဆွေမျိုးမိဘအသိုင်းအဝိုင်းအနေနဲ့ကတော့ သူ့ရဲ့ဖခင်ဖြစ်သူဟာ ဝါရင့်သရုပ်ဆောင်မင်းသားကြီးဖြစ်တဲ့ Kim Yong Gun ဖြစ်ပြီး အစ်ကိုဖြစ်သူကတော့ မင်းသား Ha Jung Woo ဖြစ်တယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

သရုပ်ဆောင် Cha Hyeon Woo နဲ့လက်ထပ်မယ့်အကြောင်းကို ကိုယ်တိုင်အသိပေးကြေညာလိုက်တဲ့ မင်းသမီး Hwang Bora

ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ကိုရီးယားမင်းသမီးတစ်လက်ဖြစ်တဲ့ Hwang Bora ဟာဆိုရင် မကြာခင်အချိန်အတွင်းမှာ သရုပ်ဆောင် Cha Hyeon Woo နဲ့လက်ထပ်တော့မှာဖြစ်ပြီး ဒီအကြောင်းကိုတော့ ဇူလိုင်လ ၆ ရက်နေ့ မနေ့တုန်းက သူမရဲ့အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် သူမကိုယ်တိုင်အသိပေးကြေညာခဲ့ပါတယ်။

အဆိုပါအသိပေးချက်အရတော့ သူမတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို လာမယ့်နိုဝင်ဘာလမှာကျင်းပပြုလုပ်သွားမှာ‌ဖြစ်တယ်လို့သိရပြီး သူမတို့ကို ဂုဏ်ပြုအားပေးကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပရိသတ်`တွေကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောသွားခဲ့တာကို တွေ့ရပါတယ်။

Hwang Bora ဟာဆိုရင် ၁၉၈၃ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် သူမရဲ့အသက်က ၃၉ နှစ်အရွယ်ရှိလို့နေပြီဖြစ်ပါတယ်။ သရုပ်ဆောင်လောကထဲကိုတော့ အသက် ၂၀ အရွယ်မှာ စတင်ဝင်ရောက်ခဲ့ပြီး အဲဒီနောက် ဇာတ်ပို့သရုပ်ဆောင်အဖြစ်နဲ့ ဇာတ်ကားတွေများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ကာ ခင်ပွန်းလောင်းဖြစ်သူ Cha Hyeon Woo နဲ့ကတော့ ချစ်ကြိုက်လာခဲ့တာ ၁၀ နှစ်မျှရှိနေပြီလို့ သိရပါတယ်။

Cha Hyeon Woo ဆိုတာကတော့ Hwang Bora ရဲ့လက်ရှိအေဂျင်စီမှ CEO ဖြစ်ပြီး သရုပ်ဆောင်၊ အဆိုတော်နဲ့ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လည်း ရပ်တည်လှုပ်ရှားခဲ့ဖူးကာ သူ့ရဲ့နာမည်အရင်းကတော့ Kim Young Hoon ဖြစ်ပါတယ်။ ဆွေမျိုးမိဘအသိုင်းအဝိုင်းအနေနဲ့ကတော့ သူ့ရဲ့ဖခင်ဖြစ်သူဟာ ဝါရင့်သရုပ်ဆောင်မင်းသားကြီးဖြစ်တဲ့ Kim Yong Gun ဖြစ်ပြီး အစ်ကိုဖြစ်သူကတော့ မင်းသား Ha Jung Woo ဖြစ်တယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *