တစ်နိုင်ငံလုံးကိုမှ ၂ စီးသာတင်သွင်းခွင့်ရထားတဲ့ ကားအမျိုးအစားထဲက ၁ စီးကို ဝယ်ယူပိုင်ဆိုင်ထားတဲ့ G-Dragon

နာမည်ကြီးထိပ်တန်းဝါရင့် K-pop Idol တစ်ယောက်ဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာဆိုရင် လတ်တလောရက်ပိုင်းအတွင်းတုန်းက သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ အပြာရောင်ကားခါးပတ်ပုံကိုတင်ခဲ့ပြီး အဲဒီနောက် အချိန်အနည်းငယ်အကြာမှာတော့ သတင်းတစ်ခုထွက်ရှိလို့လာခဲ့ပါတယ်။

အဲဒါကတော့ GD တစ်ယောက် ဂျာမဏီနိုင်ငံထုတ် Bugatti Chiron ကားအမျိုးအစားကိုဝယ်ယူလိုက်ပြီဆိုတာပါပဲ။ Car and Driver ဆိုတဲ့ မော်တော်ကားဝက်ဘ်ဆိုဒ်မှ ရေးသားဖော်ပြမှုအရဆိုရင် အဆိုပါကားအမျိုးအစားရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃.၃ သန်းမှစတင်တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံအတွင်းကို တင်သွင်းထားတဲ့အရေအတွက်ကတော့ ၂ စီးမျှသာရှိတယ်လို့ သိရပါတယ်။

GD ဟာ ပြီးခဲ့တဲ့မတ်လတုန်းကလည်း အမေရိကန်ဒေါ်လာ ၁၃.၁ သန်းတန်ဖိုးရှိတဲ့ Penthouse တစ်လုံးကို ငွေသားအပြည့်ပေးချေပြီးဝယ်ယူခဲ့ပါသေးတယ်။ ဒီလိုမျိုးပိုင်ဆိုင်မှုတွေကို ကြည့်ခြင်းအားဖြင့် GD ရဲ့ ကြွယ်၀ချမ်းသာမှုတွေက ခန့်မှန်းထားတာထက် ပိုမိုများပြားနေတယ်ဆိုတာကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။

G-Dragon ဟာ အနုပညာနယ်ပယ်ထဲကို ကလေးအဆိုတော်အဖြစ်နဲ့ ၁၉၉၄ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာတော့ BIGBANG အဖွဲ့ခေါင်းဆောင်အဖြစ် ပွဲဦးထွက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ King of K-pop လို့တင်စားသတ်မှတ်ခံရတဲ့အထိ အောင်မြင်မှုတွေရရှိလာခဲ့ပြီး အချမ်းသာဆုံး Idol စာရင်းမှာလည်း ဒီနေ့အချိန်ထိပါဝင်နေဆဲဖြစ်တာကို တွေ့နိုင်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *