ဒီနှစ်အကုန်ပိုင်းလောက်မှာ NCT Unit အသစ်ကို ပွဲထုတ်ပေးသွားဖို့အစီအစဉ်ရှိနေတဲ့ SM Entertainment

K-pop ဖျော်ဖြေရေးနယ်ပယ်ရဲ့ အရှိန်အဝါအကြီးမားဆုံးသော ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ SM Entertainment ဟာဆိုရင် NCT Dream ရဲ့ ဒုတိယမြောက် Album ‘Glitch Mode’, NCT127 ရဲ့ စတုတ္ထမြောက်စတူဒီယို Album ‘Sticker’, တတိယမြောက် Full Album ‘Universe’ တို့ကြောင့် အကြီးအကျယ်အောင်မြင်ခဲ့ပြီးနောက် မကြာခင်အချိန်အတွင်းမှာတော့ နောက်ထပ် NCT Unit အသစ်ကို ပွဲထုတ်ပေးဖို့အတွက် ပြင်ဆင်လျက်ရှိနေတယ်လို့ ပရိသတ်တွေက ခန့်မှန်းတွက်ဆထားကြပါတယ်။

SM Entertainment ဟာ NCT ရဲ့ Unit အသစ်တွေဖြစ်တဲ့ NCT Hollywood နဲ့ NCT Tokyo တို့ကို့ ပွဲထုတ်ပေးမှာဖြစ်ကြောင်း အတည်ပြုကြေညာပြီးဖြစ်တဲ့အတွက် အဆိုပါ Unit အသစ်တွေမှာပါဝင်လာမယ့် အဖွဲ့ဝင်တွေကိုလည်း မည်သည့်အချိန်မှာမဆို အချိန်မရွေးချပြ ကြေညာသွားနိုင်ချေရှိပါတယ်။

ဒါ့အပြင် SM က သူတို့လက်အောက်မှာရှိနေတဲ့ လေ့ကျင့်ရေးသင်တန်းသားအသစ်လေးတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို အသိပေးကြေညာပေးခဲ့ပြီဖြစ်တာကြောင့် ပရိသတ်တွေကတော့ NCT Unit အသစ်မှာပါဝင်လာမယ့် အဖွဲ့ဝင်တွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး SM ဘက်မှ အတည်ပြုပေးမယ့်အချိန်ကို စောင့်ဆိုင်းလျက်ရှိနေကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း SM က သူတို့အေဂျင်စီအနေနဲ့ လာမယ့် ၂၀၂၂ ခုနှစ်မှာ Unit အသစ်တစ်ခုကို ပွဲထုတ်ပေးသွားမှာဖြစ်ကြောင်း သတင်းတွေထွက်ရှိခဲ့ဖူးတာကြောင့် အခုလိုမျိုး NCT အကြီးအကျယ်အောင်မြင်နေတဲ့ အချိန်အတွင်းမှာ Unit တစ်ခုထွက်လာမယ်ဆိုတဲ့သတင်းက သေချာသလောက်ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ SM ဟာ NCT 127 ရဲ့ World Tour ဖြစ်လာနိုင်မလားဆိုတာကို သဲလွန်စပေးလျက်ရှိနေပြီး NCT Dream နဲ့ NCT တစ်ဖွဲ့လုံးရဲ့ Offline ဖျော်ဖြေတင်ဆက်မှုတို့အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *