ကိုရီးယားရဲ့ ပထမဆုံး BL Dating Reality Show အဖြစ်ထွက်ရှိလာမယ့် ‘Stranger’s Love’

လတ်တလောရက်ပိုင်းအတွင်းမှာ ထွက်ရှိလာတဲ့ကိုရီးယားအနုပညာသတင်းတစ်ခုကတော့ ‘Stranger’s Love’ လို့အမည်ပေးထားတဲ့ BL Dating Reality Show ကို ‘wavve’ ပလက်ဖောင်းကနေထုတ်လွှင့်ပြသသွားရှိတယ်ဆိုတာပါပဲ။

Reality Show တွေ မရေမတွက်နိုင်လောက် များပြားလွန်းလှတဲ့ တောင်ကိုရီးယားနိုင်ငံမှာ အခုလိုမျိုး BL ကို အခြေတည်ပြီးရိုက်ကူးတဲ့ Reality Show ကတော့ ဒါပထမဆုံးဖြစ်ပြီး ဒီရှိုးအစီအစဉ်မှာဆိုရင် အတူနေထိုင်ကြပြီးနောက် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေဖြစ်ပေါ်တဲ့ ယောကျာ်းလေးအဖွဲ့တစ်ဖွဲ့ရဲ့ပုံစံကို ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

‘Stranger’s Love’ ရဲ့ထုတ်လုပ်သူတွေကတော့ သူတို့ရိုက်ကူးမယ့်အစီအစဉ်မှာ ပါဝင်ကြမယ့်အဖွဲ့ဝင်တွေက သူတို့ရဲ့အချစ်စစ်ကို ကိုယ်စီရှာဖွေကြမှာဖြစ်တယ်လို့ ဆိုထားကြပါတယ်။ ဒါ့အပြင် အဆိုပါအစီအစဉ်ဟာ တခြား Dating Reality Show တွေလိုမျိုး ရယ်မောစရာကောင်းတဲ့ အခန်းကဏ္ဍတွေနဲ့ သာမန်အမျိုးသား၊ အမျိုးသမီး လိင်ကွဲစုံတွဲတွေမှာရှိတဲ့ အချစ်သင်္ကေတပုံစံတွေလည်းပါဝင်သွားမှာဖြစ်တယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း အစီအစဉ်ပြသမယ့်ရက်နဲ့ ဘယ်သူတွေက ပါဝင်တင်ဆက်ကြမယ်ဆိုတာကိုတော့ အတိအကျထုတ်ပြန်ကြေညာပေးခြင်းမရှိသေးပါဘူး။ ပရိသတ်တွေကတော့ သူတို့ရင်းနှီးပြီးသား  ကိုရီးယား BL သရုပ်ဆောင်တွေကို ဒီအစီအစဉ်မှာ မြင်တွေ့ရဖို့အတွက် မျှော်လင့်ထားကြပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.