‘Miss Baek’ ထဲမှ ဇာတ်ကောင်ပီပြင်အသက်ဝင်စေဖို့အတွက် စီးကရက်ပေါင်းများစွာကို စမ်းသပ်သောက်သုံးပြီးလေ့ကျင့်ခဲ့ရတဲ့ Han Ji Min

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Han Ji Min ဟာဆိုရင် သူမအနေနဲ့ “Miss Baek” ဇာတ်ကားထဲမှ ဇာတ်ကောင်ပီပြင်ဖို့အတွက် ဘယ်လိုမျိုးကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတာကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်လွှင့်ပြသသွားခဲ့တဲ့ ‘You Quiz on the Block’ အစီအစဉ်မှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
“ဒီဇာတ်ကောင်အကြောင်းကို အစကတည်းက ကျွန်မ သေသေချာချာစဉ်းစားခဲ့ပြီးသားပါ… ပရိသတ်တွေက ဒီဇာတ်ကောင်ကို ကျွန်မ ဘယ်လိုမျိုးသရုပ်ဆောင်မလဲဆိုတာနဲ့ပတ်သက်ပြီး မျှော်လင့်ခဲ့ကြတယ်၊ ပြီးတော့ ဒီဇာတ်ကောင်က ကျွန်မရဲ့ပုံစံနဲ့ကွာခြားနေတယ်ဆိုတာတွေကိုလည်း သိပါတယ်”
“နောက်ပြီး တချို့ရင်းနှီးမြုပ်နှံကြမယ့်သူတွေက ကျွန်မအနေနဲ့ ဒီဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်မဆောင်နိုင်လောက်ဘူးထင်လို့ ဒီဇာတ်ကားမှာ ရင်းနှီးမြုပ်နှံကြမယ့်အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြတယ်ဆိုတာကိုလည်း ကြားခဲ့ရပါတယ် … သူတို့ရဲ့အခက်အခဲတွေကိုလည်း ကျွန်မ နားလည်ပေးလို့ရပါတယ် …. ဒါတွေကြောင့်ပဲ ဒီဇာတ်ကောင်ကို အကောင်းဆုံးကြိုးစားမယ်လို့ ကျွန်မ ဆုံးဖြတ်ချက်ချခဲ့တာပါ” လို့ဆိုကာ Han Ji Min က ပြောသွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သူမက ဇာတ်ကောင်စရိုက်ပီပြင်စေဖို့အတွက် စီးကရက်ပေါင်းမြောက်များစွာကို စမ်းသပ်သောက်သုံးခဲ့ရကြောင်းကို “ဒီဇာတ်ကားရဲ့ ပထမဆုံးပြတဲ့ဇာတ်ဝင်ခန်းက ဆေးလိပ်သောက်တဲ့အခန်းလေ …. အဲဒီလိုဆေးလိပ်သောက်တတ်ဖို့အတွက် ဆေးလိပ်သောက်တဲ့သူတွေဆီမှာ ကျွန်မကို သင်ပေးဖို့ အကူအညီတောင်းခဲ့ရဖူးတယ်” လို့ဆိုကာပြောပြခဲ့းတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်နေရင်း တံတွေးထွေးတတ်ဖို့ကိုလည်း လေ့ကျင့်ခဲ့ရကြောင်းကိုဖွင့်ဟပြောသွားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုဆေးလိပ်သောက်တာဟာ ဇာတ်ကားရိုက်ကူးနေတဲ့အချိန်အတွင်းမှာပဲဖြစ်ပြီး ရိုက်ကူးရေးပြီးဆုံးချိန်မှာတော့ ဆေးလိပ်သောက်တာကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
Han Ji Min ဟာဆိုရင် ၁၉၈၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက် ၃၉ နှစ်အရွယ်ရောက်ရှိနေပြီဖြစ်ကာ အနုပညာနယ်ပယ်ထဲကိုတော့ ၁၉၉၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
Ref : GStarLive
Nemo