‘Summer Break’ လို့အမည်ရတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားကြရတဲ့ Cho Yi Hyun နဲ့ Ji Young

‘Summer Break’ လို့အမည်ရတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားကြရတဲ့ Jung Jin Young နဲ့ Cho Yi Hyun

လတ်တလောရက်ပိုင်းအတွင်းမှာ ထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Jung Jin Young နဲ့ မင်းသမီး Cho Yi Hyun တို့ဟာဆိုရင် ‘Summer Break’ လို့ ယာယီအမည်ပေးထားတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားကြရတယ်ဆိုတာပါပဲ။

ဒီဇာတ်လမ်းတွဲဟာဆိုရင် နွေရာသီအားလပ်ရက်မှာ လျှို့ဝှက်ဆန်းဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသူလေး Kim Ha Yeon အကြောင်းကို ရိုက်ကူးပုံဖော်မယ့်ဇာတ်လမ်းဖြစ်ပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရတော့ ဇာတ်လမ်းတွဲရိုက်ကူးရေးကို ဒီဇူလိုင်လ အကုန်ပိုင်းလောက်မှာ ရိုက်ကူးသွားမှာဖြစ်ပြီး ဒီနှစ်ကုန်ခါနီးအချိန်မှာ စတင်ပြသဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Cho Yi Hyun အနေနဲ့ Kim Ha Yeon ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတာဖြစ်ပြီး Jung Jin Young ကတော့ Kim Ha Yeon ရဲ့အတန်းဖော် Jo Yu Gyeom နေရာကနေ သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

‘Summer Break’ လို့အမည်ရတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားကြရတဲ့ Jung Jin Young နဲ့ Cho Yi Hyun

လတ်တလောရက်ပိုင်းအတွင်းမှာ ထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Jung Jin Young နဲ့ မင်းသမီး Cho Yo Hyun တို့ဟာဆိုရင် ‘Summer Break’ လို့ ယာယီအမည်ပေးထားတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားကြရတယ်ဆိုတာပါပဲ။

ဒီဇာတ်လမ်းတွဲဟာဆိုရင် နွေရာသီအားလပ်ရက်မှာ လျှို့ဝှက်ဆန်းဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသူလေး Kim Ha Yeon အကြောင်းကို ရိုက်ကူးပုံဖော်မယ့်ဇာတ်လမ်းဖြစ်ပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရတော့ ဇာတ်လမ်းတွဲရိုက်ကူးရေးကို ဒီဇူလိုင်လ အကုန်ပိုင်းလောက်မှာ ရိုက်ကူးသွားမှာဖြစ်ပြီး ဒီနှစ်ကုန်ခါနီးအချိန်မှာ စတင်ပြသဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Cho Yi Hyun အနေနဲ့ Kim Ha Yeon ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတာဖြစ်ပြီး Jung Jin Young ကတော့ Kim Ha Yeon ရဲ့အတန်းဖော် Jo Yu Gyeom နေရာကနေ သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.