သူငယ်ချင်းအရင်းကြီးတွေအဖြစ် ၁၃ နှစ်ကြာခင်မင်ရင်းနှီးခဲ့ပေမယ့်လည်း အနမ်းဇာတ်ဝင်ခန်းကို ပီပီပြင်ပြင်သရုပ်ဖော်နိုင်ခဲ့ကြတဲ့ Yeo Jin Goo နဲ့ Moon Ga Young

လတ်တလော tvN ရုပ်သံလိုင်းကနေပြသနေလျက်ရှိတဲ့ “Link” ဇာတ်လမ်းတွဲဟာဆိုရင် ဇူလိုင်လ ၄ ရက်နေ့တုန်းက အပိုင်း ၉ ထုတ်လွှင့်သွားခဲ့ပြီး ယင်းအပိုင်းမှာပါဝင်တဲ့ Yeo Jin Goo နဲ့ Moon Ga Young တို့ရဲ့အနမ်းဇာတ်ဝင်ခန်းကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုအပြည့်အ၀ရရှိခဲ့ပါတယ်။

အကြောင်းအရင်းကတော့ အဆိုပါဇာတ်ဝင်ခန်းဟာ ဆယ်စုနှစ်တစ်စုကျော်မျှ ခင်မင်ရင်းနှီးလာခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီးနှစ်ယောက်ရဲ့ အနမ်းဇာတ်ဝင်ခန်းဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။

“Link” ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ Yeo Jin Goo နဲ့ Moon Ga Young တို့ဟာဆိုရင် ငယ်စဉ်အရွယ် ကလေးသရုပ်ဆောင်တွေအဖြစ် လှုပ်ရှားခဲ့ကြစဉ်အချိန်ကတည်းက ခင်မင်ရင်းနှီးလာခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ခင်မင်မှုသက်တမ်းကတော့ အခုဆိုရင် ၁၃ နှစ်ကျော်မျှရှိနေပြီဖြစ်ပါတယ်။

ဒီလိုနှစ်ပေါင်းများစွာခင်မင်လာခဲ့ကြသူတွေဖြစ်တယ်ဆိုပေမယ့်လည်း ဇာတ်ကားရိုက်ကူးချိန်မှာတော့ ပရော်ဖက်ရှင်နယ်တွေပီသစွာ ကျရာဇာတ်ရုပ်နဲ့ ဇာတ်ဝင်ခန်းတို့ကို ပီပီပြင်ပြင်နဲ့ သဘာ၀ကျကျသရုပ်ဆောင်နိုင်ခဲ့ကြတာကို တွေ့မြင်နိုင်ပါတယ်။

ပရိသတ်တွေကတော့ အဆိုပါဇာတ်ဝင်ခန်းထဲက သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်မှုနဲ့ပတ်သက်လို့ အားပေးချီးကျူးထားကြပြီး နှစ်ယောက်သားဟာ လိုက်ဖက်ကြည့်ကောင်းကြောင်း ပြောပေးထားကြပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *