အချိန်တစ်ခုကြာပြီးနောက် ပထမဆုံးအကြိမ် ပရိသတ်မြင်ကွင်းအရှေ့ကိုထွက်ပေါ်လာတဲ့ EXO အဖွဲ့ဝင် Chen

နာမည်ကြီးအမျိုးသား Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO ရဲ့ အဖွဲ့ဝင်ဖြစ်သူ Chen ဟာဆိုရင် ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကိုထွက်ခွာဖို့အတွက် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။

Chen အနေနဲ့ လန်ဒန်မြို့မှာကျင်းပပြုလုပ်မယ့် ‘Hallyu Pop Fest’ ကို တက်ရောက်ဖြေဖျော်သွားမှာဖြစ်ပြီး အဆိုပါပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် နောက်ထပ်အနုပညာရှင်တွေကတော့ EXO အဖွဲ့ဝင် Kai, ASTRO, SF9, Kep1er, MAMAMOO အဖွဲ့ဝင် Hwasa နဲ့အစရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။

Chen ဟာ လေဆိပ်ကို ALL BLACK ဖက်ရှင်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသုံးအဆောင်တွေအနေနဲ့ကတော့ “Dior” အိတ်နဲ့ “Cartier” နာရီတို့ကို ဆင်မြန်းလာခဲ့ကာ ဆံပင်ပုံစံကိုလည်း သူ့ရဲ့အမှတ်အသားလို့ပြောလို့ရတဲ့ အလယ်ခွဲပုံစံ ပြင်ဆင်လာခဲ့တာကို တွေ့ရပါတယ်။

Chen အပါအဝင် K-pop အနုပညာရှင်တွေများစွာတက်ရောက်ဖျော်ဖြေကြမယ့် ‘Hallyu Pop Fest’ ကိုတော့ ဇူလိုင်လ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ‘OVO Arena Wembley’ မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.