ကမ္ဘာကျော်ခဲ့တဲ့ ဒီတီးတိုးစကားဆိုမှုလေးမှာ V က Olivia Rodrigo ကို ဘာပြောခဲ့သလဲ

ကမ္ဘာကျော်ခဲ့တဲ့ ဒီတီးတိုးစကားဆိုမှုလေးမှာ V က Olivia Rodrigo ကို ဘာပြောခဲ့သလဲ

BTS အဖွဲ့ဝင် V ကတော့ ၆၄ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲက အကောင်းဆုံး အခိုက်အတန့်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ သူနဲ့ Olivia Rodrigo ကြားက တိုးတိုးတိတ်တိတ် စကားဝိုင်းကို ထုတ်ဖော်ပြောကြားလာခဲ့တာပါ။

BTS ဟာ သူတို့ရဲ့ official YouTube channel ဖြစ်တဲ့ BangTanTV ကနေ ‘[EPISODE] BTS @ 64th GRAMMY Awards’ အမည်ရှိ ဗီဒီယိုတစ်ခုကို ထုတ်ပြန်သွားခဲ့ပါတယ်။

BTS တို့အနေနဲ့ ဧပြီလက Las Vegas မှာ ကျင်းပခဲ့တဲ့ ၆၄ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲသို့ တက်ရောက်ခဲ့ပြီး သူတို့ရဲ့ “Butter” stage performance ဖျော်ဖြေမှုအတွက် တစ်ကမ္ဘာလုံးက အမိုက်စား feedbacks တွေကို လက်ခံရရှိခဲ့တာပါ။

အထူးသဖြင့် V ရဲ့ James Bond အဖြစ်သို့ ပြောင်းလဲလိုက်ခြင်းနဲ့ အဆိုတော် Olivia Rodrigo ကို တီးတိုးပြောဆိုနေတဲ့ အခိုက်အတန့်ကို BBC ကဲ့သို့သော နိုင်ငံခြားက နာမည်ကျော် မီဒီယာများက “ဂရမ်မီဆုပေးပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်” အဖြစ် ကိုးကားဖော်ပြခဲ့ကြတာပါ။

Grammy ဇာတ်လမ်းတွဲ ဗီဒီယိုမှာ ဒီအခိုက်အတန့်ကို V က တောင်းဆိုခဲ့တာဖြစ်ပြီး မူရင်းတင်ဆက်မှုမှာ စီစဉ်ထားခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ပထမဆုံး ကကွက်ဖျော်ဖြေမှုမှာ Olivia Rodrigo ရဲ့ နောက်ကွယ်ကနေ ကတ်တစ်ကတ်ကို ထုတ်ပြဖို့သာ V အနေနဲ့ လိုအပ်ခဲ့တာပါ။

ဒါပေမဲ့ Tae လေးကတော့ ဒီပြကွက်ကို လေ့ကျင့်ပြီးနောက် “ကတ်တစ်ခုကို ဒီအတိုင်း ဆွဲထုတ်လိုက်ရတာ ရယ်စရာကောင်းတယ်။ စကားပြောဟန်ဆောင်ရင်း ကတ်ကိုဆွဲထုတ်တာက ပိုကောင်းမယ်ထင်တယ်” လို့ သူ့ရဲ့အမြင်ကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။

V ဟာ ကတ်ပစ်ချရမယ့် အချိန်၊ အင်္ကျီများကိုချွတ်ကာ ကတ်ကိုဖမ်းကာ စင်မြင့်ထက်မှာ ကျွမ်းကျင်သူတစ်ယောက်လို သက်သေပြလိုက်တဲ့ အချိန် စသဖြင့် အသေးစိတ်ကို V က ဂရုတစိုက် ပြင်ဆင် လေ့ကျင့်ခဲ့ပါတယ်။

ဂရမ်မီဆုပေးပွဲအခမ်းအနားအပြီးမှာတော့ BTS အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ပရိသတ်တွေကို စုရုံးနှုတ်ဆက်ခဲ့ကြပါတယ်။ Olivia Rodrigo နဲ့ သူရိုက်ကူးထားတဲ့ မြင်ကွင်းကိုကြည့်ရင်း V က “တကယ် စကားပြောနေတယ်လို့ ထင်နေကြတယ်မလား။ ဒါပေမယ့် ကျွန်တော်က bla bla ပဲပြောခဲ့တာပါ” လို့ V က ဝန်ခံသွားခဲ့ပါတော့တယ်။

V ရဲ့ စိတ်ကူးတွေကနေ ဖြစ်ပေါ်လာခဲ့တဲ့ BTS ရဲ့ ဒီ ဖျော်ဖြေတင်ဆက်မှုဟာလည်း ရုပ်ရှင်နဲ့တူသော အခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များရဲ့ ကြီးမားသော အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သလို ဂရမ်မီဆုပေးပွဲတွင် အကျော်ကြားဆုံး အခိုက်အတန့် အဖြစ်လည်း ရွေးချယ်ခံခဲ့ရသလို ဆယ်စုနှစ်တစ်ခုရဲ့ iconic အဖြစ်ဆုံး အခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *