လက်ရှိ တောင်ကိုရီးယားနိုင်ငံအတွင်းမှာ နာမည်အကြီးဆုံးဇာတ်လမ်းတွဲအဖြစ်ရပ်တည်နေတဲ့ ‘Extraordinary Attorney Woo’

လတ်တလောပြသလျက်ရှိနေတဲ့ ဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်တဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲဟာဆိုရင် လက်ရှိတောင်ကိုရီးယားနိုင်ငံအတွင်းမှာ လူကြိုက်အများဆုံးနဲ့ နာမည်အကြီးဆုံးဇာတ်လမ်းတွဲတစ်ခုအဖြစ် ရပ်တည်လျက်ရှိနေတယ်လို့ Nielsen Korea ကထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ယင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့အချက်အလက်တွေအရဆိုရင် အဆိုပါဇာတ်လမ်းတွဲရဲ့ အပိုင်း ၃ ကို ကြည့်ရှုကြတဲ့ နှုန်းက ၄.၀၃၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဒီပမာဏဟာဆိုရင်တော့ ပြီးခဲ့တဲ့အပတ်တုန်းကပြသခဲ့တဲ့ အပိုင်း ၂ ရဲ့ကြည့်ရှုနှုန်းထက် ၂ ဆကျော်များနေတယ်လို့ သိရပါတယ်။

အပိုင်း ၂ ကိုကြည့်ရှုခဲ့ကြတဲ့ပမာဏကတော့ ၁.၈ ရာခိုင်နှုန်းရှိခဲ့ပြီး စတင်ပြသခဲ့တဲ့ အပိုင်း ၁ ကိုတော့ အရေအတွက် ၀.၉ ရာခိုင်နှုန်းကသာကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။

‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲဟာဆိုရင် Autism ရောဂါရှိပေမယ့် ထူးချွန်ထက်မြတ်တဲ့ ရှေ့နေမလေး Woo Young Woo အကြောင်းရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ Park Eun Bin, Kang Tae Oh, Kang Ki Young နဲ့ Baek Ji Won တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.