Davika ရဲ့ စိတ်ပူနေတဲ့ မိဘတွေကို အချိုသပ်ခဲ့ရတဲ့အဖြစ်ကို ပြောပြလာခဲ့တဲ့ Ter

Davika ရဲ့ စိတ်ပူနေတဲ့ မိဘတွေကို အချိုသပ်ခဲ့ရတဲ့အဖြစ်ကို ပြောပြလာခဲ့တဲ့ Ter

နာမည်ကျော် မင်းသမီးချောလေး Mai Davika နဲ့ မင်းသားချော Ter Chantavit တို့နှစ်ယောက်ဟာ အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချိုမြိန်တဲ့ ချစ်ခြင်းမေတ္တာ ခရီးလမ်းကို လက်တွဲတည်ဆောက်ခဲ့တာ ၅ နှစ် ရှိခဲ့ပါပြီ။

ဒါ့အပြင် မကြာသေးခင်ကမှ ပရိသတ်တွေက Davika က သူမရဲ့ ဘယ်ဘက်လက်မှာ စိန်လက်စွပ်ကို ဝင်ဆင်ရင်း ပြသထားတာကြောင့် Ter နဲ့ ပတ်သက်နေတာလားဆိုပြီး ပရိသတ်တွေက အရမ်းကို စိတ်ဝင်စားနေခဲ့ကြပုံပါပဲ။

ဒါပေမယ့် တကယ်တော့ Davika က ဒီလက်စွပ်လေးကို သူ့ဘာသာ ဝယ်ဆင်ဖို့အတွက် ဝယ်လဲ့တာပါ။ ဒီလိုနဲ့ပဲ သူနဲ့ သူ့ကောင်မလေးတို့ရဲ့ မင်္ဂလာ သတင်းကောင်း ကြားရတော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ Ter က သူ့ရဲ့ အချစ်ဇာတ်လမ်းနဲ့ မိသားစုဇာတ်လမ်းတွေကို ပရိသတ်တွေနဲ့ မီဒီယာတွေကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။

Ter ကတော့ Davika ကို သူ့အနာဂါတ်အတွက် လက်တွဲဖော်လို့ထင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်စွပ်နဲ့ပတ်သက်လာရင်လည်း အဲဒီနေ့ရောက်လာရင် Davika လေး သူ့အတွက်သူ ဝယ်ပေးခဲ့တဲ့ လက်ဆောင်ထက် ပိုပြီး တန်ကြေးကြီးတဲ့ ချစ်ခြင်းဖွဲ့လက်ဆောင်မျိုးကို ပေးသွားမှာပါ။

Ter မိသားစုရဲ့ ဇာတ်လမ်းကို သတင်းထောက်တွေက မေးမြန်းခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူဆက်ဆံရေးကို သိရှိရချိန်မှာ မိသားစုနှစ်ခုက ဘာတွေ နားလည်ခဲ့လဲဆိုတာကိုလည်း Ter က အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

နှစ်ဖက်မိဘတွေက သိထားကြပါတယ်လို့ Ter က ချက်ချင်း ဖြေသွားခဲ့ရင်း Davika ရဲ့ မိဘတွေကတော့ သူ့သမီးလေးအတွက် စိတ်ပူနေကြသေးတယ်လို့ ဆိုထားခဲ့ပြီး Ter ဟာ Davika ရဲ့ မိသားစုနှင့်လည်း မကြာခဏ တွေ့ဆုံခဲ့ပြီးပြီဖြစ်ကြောင်း ပြောပြလာခဲ့ပါတယ်။

ဒါ့အပြင် Ter က သူ့ချစ်သူ မိသားစုက သူ့ကို လက်ခံ ယုံကြည်လာစေရန်လည်း ကတိပေးခဲ့တယ်လို့ ဆိုခဲ့ပြီး ဘာတွေပဲဖြစ်လာပါစေ သူ့သမီးလေးကို အသက်ကိုပါ ပေးဆပ်ပြီး ချစ်ခင်တန်ဖိုးထားသွားဖို့ အမြဲတမ်း စိတ်နှလုံးသွင်းထားတယ်လို့ ပြောပြသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *