Bella နဲ့ မပြတ်ခင်ကတည်းက Vicky နဲ့ တွဲနေတာဖြစ်တယ်လို့ သတင်းတွေထွက်လာတဲ့ Weir

Bella နဲ့ မပြတ်ခင်ကတည်းက Vicky နဲ့ တွဲနေတာဖြစ်တယ်လို့ သတင်းတွေထွက်လာတဲ့ Weir

Weir Sukollawat နဲ့ Bella Ranee တို့ဟာ ၉ နှစ်ကျော် တွဲခဲ့ပြီး ပြတ်သွားချိန်မှာ သိပ်မကြာလိုက်ပဲ Weir က ချစ်သူအသစ်လေး Vicky နဲ့ ဇူလိုင်လ ၁၇ ရက်မှာ လက်ထပ်မယ်ဆိုပြီး ကြေညာခဲ့တာကြောင့် တော်တော်လေးလည်း ဝေဖန်ခံခဲ့ရပါသေးတယ်။

တချို့သောပရိသတ်တွေကဆိုရင် Weir နဲ့ Bella ကြားက ရက်တွေကို တွက်ချက်ကြည့်ကြပြီးနောက် Weir ဟာ ရည်းစားဟောင်းနဲ့မပြတ်ခင်ကတိုင် ပတ်သက်ရင်းနှီးနေပြီး ခြေရှုပ်တာဖြစ်နိုင်ကြောင်းအထိ ထောက်ပြလာခဲ့ကြပါတယ်။

Bella နဲ့ပြတ်ပြီး ၁ နှစ်တောင်မကြာသေးဘဲနဲ့ ချစ်သစ်အသစ်စက်စက်လေး Vicky နဲ့ မြန်မြန်ဆန်ဆန်ကြီး လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ၉ နှစ်ကြာ ၂ ဦးသားလမ်းခွဲစဉ်တုန်းက တတိယလူ၊ ကြားလူမရှိဘဲ သဘောထားမတိုက်ဆိုင်မှုများနဲ့ အချိန်မအားတော့တာကြောင့် လမ်းခွဲတယ်ဆိုပြီး ကြေညာခဲ့ပေမဲ့ ဒီကြားထဲမှာ ထူးခြားမှုတွေရှိနေခဲ့ကြပါတယ်။

တွဲနေစဉ်တုန်းကလည်း Weir ကို အမျိုးသမီးတစ်ဦးနဲ့ အတူတွဲတွေ့တယ်ဆိုပြီး သတင်းတွေပွတက်လာခဲ့ဖူးပေမဲ့ ထိုစဉ်က Bella နဲ့ တွဲနေတုန်းက ဖြစ်တာကြောင့် ကောလဟာလများက ငြိမ်ကျသွားခဲ့ပါတယ်။ ၂၀၂၁ နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ Weir နဲ့ Bella တို့ လမ်းခွဲကြောင်း သတင်းတွေကြေညာခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ Bella က မီဒီယာများရှေ့မှာ အတည်ပြုခဲ့ပါတယ်။

ထို့နောက်မှာတော့ ဒီဇင်ဘာလ ၂ ရက်နေ့ကတော့ Weir နဲ့ Bella ရဲ့ ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်ပါ။ လမ်းခွဲပြီး ၁ လတောင်မကြာသေးပေမဲ့ Weir ဟာ အမျိုးသမီးတစ်ဦး (Vicky ဖြစ်နိုင်) နဲ့ ခရီးအတူထွက်ပြီး လျှောက်လည်‌ခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ကျမှ ပွဲတက်ရင်း Bella နဲ့ လမ်းခွဲကြောင်း ဖြေရှင်းခဲ့ပါတယ်။

၂၀၂၁ စက်တင်ဘာလတုန်းကလည်း အလှူအတန်းအတူလုပ်ခဲ့ပြီး အောက်တိုဘာလတုန်းကအထိ လက်ထပ်ဖို့ တိုင်ပင်ခဲ့တယ်ဆိုပြီး Bella ကိုယ်တိုင်က ပြောဖူးပါတယ်။ လမ်းခွဲပြီး ခဏလေးပဲရှိသေးပေမဲ့ လပိုင်းပဲတွဲထားတဲ့ Vicky နဲ့ လက်ထပ်ဆိုတာကို ဘယ်လိုမှ မယုံနိုင်ကြတာပါ။

Weir ရဲ့ အမေကလည်း Vicky ကို သဘောကျစွာနဲ့ ချွေးမလောင်းလေးဆိုပြီး ဓာတ်ပုံတင်ကတည်းကတိုင် Weir ရဲ့ အချစ်ရေးမှာ ပရိသတ်တွေမသိသေးတဲ့ အကြောင်းအရာတွေအများကြီးရှိမယ်လို့ ဝေဖန်ခန့်မှန်းနေကြပါတယ်။

တကယ်လို့သာ Weir ဟာ Bella နဲ့ လမ်းမခွဲခင်ကတိုင် ပရိသတ်တွေခန့်မှန်းနေကြသလို Vicky နဲ့တွဲခုတ်နေတာ ဖြစ်နေရင်တော့ Bella ရဲ့ အချစ်ရေးက ကံမကောင်းဘူးလို့ သတ်မှတ်ရတော့မယ့်အဖြစ်ပါပဲ။

Leave a Reply

Your email address will not be published.