ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားကို ဖမ်းစားထားနိုင်ခဲ့တဲ့ Song Hye Kyo ရဲ့ အလှတရား

ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားကို ဖမ်းစားထားနိုင်ခဲ့တဲ့ Song Hye Kyo ရဲ့ အလှတရား

ကမ္ဘာကျော် ဇိမ်ခံပစ္စည်း brand တွေရဲ့ ချစ်ခြင်းမေတ္တာများဖြင့် ဖိတ်ကြားခံထားရမှုနဲ့အတူ မင်းသမီး Song Hye Kyo ကတော့ သူမရဲ့ နေ့စဉ်ဘဝကို ဇိမ်ခံ အသွင်အပြင်နဲ့ ဖြတ်သန်းနေခဲ့ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း မင်းသမီး Song Hye Kyo ဟာ ဇိမ်ခံ fashiom show တစ်ခုက ပုံရိပ်တွေကို သူမရဲ့ကိုယ်ပိုင် SNS တွေမှာ တင်သွားခဲ့ပါတယ်။

အဲ့ဒီနေ့မှာတော့ Song Hye-kyo ဟာ သပ်ရပ်လှပတဲ့ မီနီဂါဝန်လေးနဲ့အတူ အမိုက်စား ဒေါက်မြင့်ဖိနပ်တွေနဲ့အတူ ဇိမ်ခံပြီး အပြစ်ကင်းစင်တဲ့ ပုံစံကို တစ်ပြိုင်တည်းမှာပဲ ပြသခဲ့ပါတယ်။ သူမရဲ့ ကျော့ရှင်းတဲ့ ဆံပင်တိုပုံစံအပြင် နတ်သမီးနဲ့တူတဲ့ visual ကလည်း ထင်ပေါ်ပြီး ဆွဲဆောင်မှုရှိခဲ့တာပါ။

ဒါတင်မကသေးပဲ Song Hye Kyo ဟာ LVMH ဥက္ကဌဖြစ်သူ Bernard Arnault နှင့် မျက်နှာချင်းဆိုင်ပြီး စကားလက်ဆုံကျခဲ့တာကြောင့် netizens တွေကလည်း အံ့သြသွားခဲ့ရပါတော့တယ်။

အမေရိကန် စီးပွားရေး မဂ္ဂဇင်း Forbes နှင့် ဗြိတိန် ဆိုက်သစ် Daily Mail ကဲ့သို့သော နိုင်ငံခြား မီဒီယာများရဲ့ အဆိုအရ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ အင်ပါယာ ရဲ့ ဥက္ကဌ ဖြစ်သူ Bernard Arnault ဟာ Amazon တည်ထောင်သူ Jeff Bezos ကို ကျော်တက်ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

LVMH ဟာ Dior, Givenchy, Louis Vuitton, Bvlgari, Celine, Tiffany & Co. နှင့် အခြားသော ဇိမ်ခံ brand များစွာကို စီမံခန့်ခွဲတဲ့ လုပ်ငန်းခွဲ စုစုပေါင်း ၆၀ ခန့်ကို ထိန်းချုပ်ထားသလို အဖွဲ့ရဲ့ဥက္ကဌ အနေဖြင့် Bernard Arnault ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုပမာဏဟာ အမေရိကန်ဒေါ်လာ 183.9 ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် Song Hye Kyo ရဲ့ နုပျိုထင်ပေါ်လွန်းလှတဲ့ အသွင်အပြင်နဲ့ အလှတရားတို့ကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကိုတောင် မျက်တောင်မခတ်နိုင်အောင် ဖမ်းစားထားနိုင်ခဲ့တယ်လို့ netizens နဲ့ မီဒီယာတွေက အမွှမ်းတင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *