တစ်ကိုယ်တော်ပွဲဦးထွက်အယ်လ်ဘမ် အောင်မြင်မှုအတွက် ပရိသတ်တွေကိုကျေးဇူးတင်စကားပြောလာတဲ့ TWICE အဖွဲ့ဝင် Nayeon

နာမည်ကြီးအမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ TWICE အဖွဲ့ဝင် Nayeon ဟာဆိုရင် သူမရဲ့ပထမဆုံးတစ်ကိုယ်တော်ပွဲဦးထွက်အယ်လ်ဘမ်ဖြစ်တဲ့ “IM NAYEON” ကို ဇွန်လ ၂၄ ရက်နေ့ကထွက်ရှိလာခဲ့ပြီးနောက် Billboard တေးဂီတဇယားမှာ နံပါတ် ၇ နေရာကို ရယူနိုင်ခဲ့ပါတယ်။

Billboard တေးဂီတဇယားမှာ အခုလိုမျိုးနေရာယူနိုင်တဲ့ တစ်ကိုယ်တော် K-pop အနုပညာရှင်တွေထဲမှာ သူမက ပထမဆုံးဖြစ်တာကြောင့် TWICE ရဲ့ ပရိသတ်တွေဖြစ်ကြတဲ့ ONCE တွေအတွက်ကတော့ ဒါဟာ ဝမ်းသာပျော်ရွှင်ပြီး ဂုဏ်ယူစရာကောင်းတဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီအခါမှာတော့ Nayeon က သူမအနေနဲ့ ဒီလိုအောင်မြင်မှုတွေရရှိလာခဲ့တာနဲ့ပတ်သက်လို့ သူမရဲ့အေဂျင်စီဖြစ်တဲ့ JYP Entertainment ကနေတစ်ဆင့် ပရိသတ်တွေကို ကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။

“ကျွန်မ အကောင်းဆုံးကြိုးစားပြင်ဆင်ခဲ့တဲ့ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်လေးကို ပရိသတ်တွေအများကြီးက အားပေးကြိုက်နှစ်သက်တာကိုမြင်ရလို့ အရမ်းပျော်ရွှင်မိပါတယ် … ပရိသတ်တွေက ကျွန်မကို အများကြီးချစ်ပေးကြသလို ကျွန်မကလည်း ပရိသတ်တွေကြိုက်နှစ်သက်မယ့် သီချင်းတွေအများကြီးနဲ့ ပြန်လာခဲ့ပါဦးမယ် …. အားပေးကြတဲ့တစ်ယောက်ချင်းဆီတိုင်းကိုလည်း စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ရှင်” လို့ဆိုကာ Nayeon က ပြောသွားခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *