BIGBANG နဲ့ BLACKPINK တို့ရဲ့ Collaboration ကို မြင်တွေ့သွားရတော့မှာလား

မကြာသေးမီက G-Dragon ဟာ Lisa (BLACKPINK) နဲ့ နာမည်ကြီး ဒါရိုက်တာ Baz Luhrmann တို့နှင့်အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ထားခဲ့ပါတယ်။

ကမ္ဘာကျော် ဒါရိုက်တာဟာ Elvis ဇာတ်ကားကို ပရိုမိုးရှင်းလုပ်ဖို့ ကိုရီးယားကို ရောက်နေသလို အံ့အားသင့်ဖို့ကောင်းတာက Elvis ရဲ့ အမျိုးသားဇာတ်ဆောင်မင်းသား Austin Butler ကလည်း Lisa ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်လို့နေပါတယ်။

သူက Celine fashion brand ရဲ့ တန်ဖိုးကြီး အခမ်းအနားသို့ တက်ရောက်ရန်အတွက်လည်း Lisa နှင့်အတူ လိုက်ပါခဲ့ဖူးပါတယ်။ နာမည်ကျော် K-pop ကြယ်ပွင့်နှစ်ဦးနှင့် ကမ္ဘာကျော် ဒါရိုက်တာများ တစ်စုတစည်းထဲ တွေ့မိခဲ့တာကြောင့် ပရိသတ်များကတော့ စိတ်လှုပ်ရှားလို့နေကြပါပြီ။

ယခင်က YG ရဲ့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေခဲ့ကြရပြီး အခုအချိန်မှာတော့ BLACKPINK နဲ့ BIGBANG တို့ဟာ တပူးတူး တတွဲတွဲနဲ့ ပိုပြီး ရင်းနှီးလို့လာကြပါတယ်။

ဇွန်လတုန်းကလည်း Taeyang နဲ့အတူ Jisoo နဲ့ Lisa တို့ဟာ ဇိမ်ခံစားသောက်ဆိုင်တစ်ခုမှာ ညစာအတူ စားခဲ့ကြပါသေးတယ်။ အခုလိုမျိုး လှုပ်ရှားမှုတွေကြောင့် အဖွဲ့နှစ်ဖွဲ့က မကြာမီ collab လုပ်သွားနိုင်ဖွယ်ရှိ သို့မဟုတ် အနည်းဆုံး Lisa နဲ့ G-Dragon တို့ဟာ နာမည်ကြီး ဒါရိုက်တာ Elvis နှင့် project အသစ်တစ်ခု ပြုလုပ်တော့မယ်လို့ ကောလာဟလများ ထွက်ပေါ်စေခဲ့ပါတယ်။

Leave a Reply

Your email address will not be published.