Jang Nara ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ ဇာတ်လမ်းတွဲတွေက ပရိသတ်ချစ် မိခင်ကြီး

၉ ရက်နေ့ နေ့ခင်းပိုင်းမှာတော့ မင်းသမီးကြီး Kim Mi Kyung က သူ့ရဲ့ Instagram မှာ “ကျွန်မ စောင့်နေတဲ့ပုံပါ။ ချစ်စရာကောင်းတဲ့ ကျွန်မတို့ရဲ့ Nara လေး လက်ထပ်တဲ့နေ့ပေါ့။”

“ဒီထက်မြက်တဲ့ မိန်းကလေးက ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိပေမယ့် မင်းကို အပျော်ရွှင်ဆုံး၊ အမိုက်ဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဘဝနဲ့ နေနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်~!!!” လို့ ဝေမျှလို့လာခဲ့တာပါ။

Kim Mi Kyung ဆိုတဲ့ ဒီမင်းသမီးကြီးဟာ ပရိသတ်တွေအားလုံးနဲ့လည်း ရင်းနှီးနေတဲ့ ဇာတ်လမ်းတွဲတွေမှာ မေမေနေရာကနေ အမြဲသရုပ်ဆောင်ရလေ့ရှိသူဖြစ်ပြီး တွဲဖက်သရုပ်ဆောင်ဖူးခဲ့တဲ့ မင်းသမီး Jang Nara ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

ထွက်လာတဲ့ ဓာတ်ပုံလေးမှာတော့ Kim Mi Kying ဟာ Jang Nara နဲ့ အတူ ရှိနေခဲ့ပါတယ်။ အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတဲ့ Jang Nara လေးဟလည်း ဖြူစင်တဲ့ နတ်သမီးလေးနဲ့ တူနေပါတယ်။

Jang Nara နဲ့ Kim Mi Kyung တို့ဟာ သူတို့ရဲ့ တောက်ပတဲ့ အပြုံးတွေနဲ့ သူတို့ရဲ့ နွေးထွေးတဲ့ chemistry ကို ဇာတ်လမ်းတွဲထဲက မြင်ကွင်းတစ်လိုမျိုး ပြသခဲ့ကြပါတယ်။ Jang Nara ကတော့ ပြီးခဲ့တဲ့ လ ၂၆ ရက်နေ့မှာပဲ အနုပညာရှင်မဟုတ်တဲ့ ရိုက်ကူးရေး အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။

Jang Nara ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ ဇာတ်လမ်းတွဲတွေက ပရိသတ်ချစ် မိခင်ကြီး

၉ ရက်နေ့ နေ့ခင်းပိုင်းမှာတော့ မင်းသမီးကြီး Kim Mi Kyung က သူ့ရဲ့ Instagram မှာ “ကျွန်မ စောင့်နေတဲ့ပုံပါ။ ချစ်စရာကောင်းတဲ့ ကျွန်မတို့ရဲ့ Nara လေး လက်ထပ်တဲ့နေ့ပေါ့။”

“ဒီထက်မြက်တဲ့ မိန်းကလေးက ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိပေမယ့် မင်းကို အပျော်ရွှင်ဆုံး၊ အမိုက်ဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဘဝနဲ့ နေနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်~!!!” လို့ ဝေမျှလို့လာခဲ့တာပါ။

Kim Mi Kyung ဆိုတဲ့ ဒီမင်းသမီးကြီးဟာ ပရိသတ်တွေအားလုံးနဲ့လည်း ရင်းနှီးနေတဲ့ ဇာတ်လမ်းတွဲတွေမှာ မေမေနေရာကနေ အမြဲသရုပ်ဆောင်ရလေ့ရှိသူဖြစ်ပြီး တွဲဖက်သရုပ်ဆောင်ဖူးခဲ့တဲ့ မင်းသမီး Jang Nara ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

ထွက်လာတဲ့ ဓာတ်ပုံလေးမှာတော့ Kim Mi Kying ဟာ Jang Nara နဲ့ အတူ ရှိနေခဲ့ပါတယ်။ အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတဲ့ Jang Nara လေးဟလည်း ဖြူစင်တဲ့ နတ်သမီးလေူနဲ့ တူနေပါတယ်။

Jang Nara နဲ့ Kim Mi Kyung တို့ဟာ သူတို့ရဲ့ တောက်ပတဲ့ အပြုံးတွေနဲ့ သူတို့ရဲ့ နွေးထွေးတဲ့ chemistry ကို ဇာတ်လမ်းတွဲထဲက မြင်ကွင်းတစ်လိုမျိုး ပြသခဲ့ကြပါတယ်။ Jang Nara ကတော့ ပြီးခဲ့တဲ့ လ ၂၆ ရက်နေ့မှာပဲ အနုပညာရှင်မဟုတ်တဲ့ ရိုက်ကူးရေး အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *