အခုချိန်ထိ အခင်အမင်မပျက် ရှိလို့နေတဲ့ Lisa နဲ့ Selena Gomez တို့ရဲ့ ဆက်ဆံရေး

အခုချိန်ထိ အခင်အမင်မပျက် ရှိလို့နေတဲ့ Lisa နဲ့ Selena Gomez တို့ရဲ့ ဆက်ဆံရေး

Selena Gomez နဲ့ Lisa တို့ရဲ့ အခိုက်အတန့်က ပရိသတ်တွေရဲ့ နှလုံးသားကို ထပ်မံ အရည်ပျော်စေခဲ့ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့က Selena Gomez ရဲ့ ပရိသတ်တစ်ဦးဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန်အဆိုတော်ရဲ့ ချစ်စရာဇာတ်လမ်းတစ်ပုဒ်ကို Twitter မှာ ပြောပြခဲ့ပါတယ်။

သူမရဲ့ ပရိသတ်တွေနဲ့ ဆယ်လ်ဖီရိုက်ရင်း Selena Gomez က Lisa ရဲ့ပုံနဲ့ ရိုက်နှိပ်ထားတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ပြီး အဲ့ဒါကို လက်ညှိုးထိုးပြပြီး “အို ဘုရားသခင်၊ ဒါ ငါ့ကောင်မလေးပဲ” လို့ ပြောရင်း တုန့်ပြန်ခဲ့ပါသေးတယ်။

Selena Gomez ဟာ BLACKPINK အဖွဲ့ကို အထူးသဖြင့် Lisa ကို လူသိရှင်ကြား ချစ်ခင်ကြောင်း ပြသခဲ့တာဟာလည်း ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သူမ အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်ကတော့ Lisa ရဲ့တစ်ကိုယ်တော် ပွဲဦးထွက် album ထဲက “MONEY” ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။

Lisa ကလည်း ယမန်နှစ်က အမေရိက က သူမရဲ့ ရေဒီယို ဖျော်ဖြေပွဲမှာ Selena Gomez ကို ချီးမွမ်းစကားတွေ သွန်းလောင်းပေးခဲ့ပြီး “ကျွန်မ Selena ကို လူချင်းတွေ့ဖို့ အခွင့်မသာခဲ့ပေမယ့် သူမကတော့ တကယ့်ကို ချောမောလှပပြီး အရမ်းချစ်စရာကောင်းတယ်။” လို့ ပြောကြားခဲ့ဖူးတာပါ။

Selena Gomez နဲ့ BLACKPINK တို့ဟာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လက ထွက်ရှိခဲ့တဲ့ “Ice Cream” သီချင်းလေးမှာ ပထမဆုံး collab လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ကပ်ရောဂါကြောင့် လူချင်းမတွေ့ဆုံနိုင်ဘဲ MV ကို သီးခြားရိုက်ကူးခဲ့ရပါတယ်။

“Ice Cream” MV ထွက်ရှိပြီး ၂ နှစ်နီးပါးကြာတော့ ပရိသတ်တွေက BLACKPINK နဲ့ Selena Gomez တို့ရဲ့ စင်ပေါ်မှာ သီချင်းအတူတွဲဖျော်ဖြေနေတာကို မြင်တွေ့ရဖို့ စောင့်မျှော်နေကြဆဲပါ။

Leave a Reply

Your email address will not be published.