တက္ကသိုလ်ပညာ မသင်ကြားဖြစ်ခဲ့ရတဲ့အကြောင်းကို ပြောပြလာခဲ့တဲ့ Suzy

တက္ကသိုလ်ပညာ မသင်ကြားဖြစ်ခဲ့ရတဲ့အကြောင်းကို ပြောပြလာခဲ့တဲ့ Suzy

ကိုရီးယားက အနုပညာရှင်တွေအနေနဲ့တော့ နာမည်ကြီး တက္ကသိုလ်တွေကို ဝင်ရောက်ခွင့်ရပြီး ကြော်ငြာရဲ့ အကျိုးဆက်ကို ခံစားခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း သူတို့ရဲ့ promotion လှုပ်ရှားမှုများကြောင့် အနုပညာရှင်များဟာ အတန်းတက်ရန်နှင့် စာမေးပွဲများ ဖြေဆိုရန် မကြာခဏ ခက်ခဲလေ့ရှိပြီး ဘွဲ့ရဖို့အတွက်သာ ကျောင်းသို့ ဝင်ရောက်လာတယ်လို့ စွပ်စွဲခြင်းတွေ ခံခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။

ဒါက ပြဿနာကြီးတစ်ခုဖြစ်လာတာနဲ့အမျှ နာမည်ကျော် အနုပညာရှင်တွေ အများစုဟာ ကောလိပ်ကျောင်းထွက်ဖို့၊ တက္ကသိုလ်ပညာ ဆက်လက်မသင်ကြားဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။

အဲ့လိုဆုံးဖြတ်ခဲ့သူတွေထဲမှာ နိုင်ငံတော်ရဲ့အချစ်ဦး Suzy လေးလည်း ပါဝင်ခဲ့ပြီး ၂၀၁၂ အင်တာဗျူးတစ်ခုမှာ ၉၄ ခုနှစ်ဖွား idol အများအပြားဟာ CSAT ကို မဖြေဆိုခဲ့ကြပါဘူးလို့ Suzy က ပြောကြားခဲ့ဖူးသလို ကောလိပ်ကျောင်းတက်ဖို့လည်း ငြင်းဆိုခဲ့တယ်လို့ ဝန်ခံသွားခဲ့ဖူးပါတယ်။

Miss A အဖွဲ့နဲ့အတူ သူမရဲ့ idol အဖြစ် လှုပ်ရှားမှုတွေနဲ့ “Architecture 101” ရုပ်ရှင်ကနေလည်း သရုပ်ဆောင် အရည်အချင်းတွေကြောင့် ထိပ်တန်းကြယ်ပွင့်ဖြစ်လာခဲ့တဲ့ Suzy က သူမအနေနဲ့ ကောလိပ်မတက်ခဲ့ရတဲ့ အကြောင်းရင်းကို ရိုးရိုးသားသားဖြေကြားခဲ့ပါတယ်။

အထက်တန်း အောင်လက်မှတ်က လွဲလို့ အခြားဘွဲ့တံဆိပ်တွေ မပိုင်ဆိုင်ခဲ့တဲ့ Suzy ဟာ “အခု တက္ကသိုလ်တက်နေရင်တောင် အလုပ်များတာကြောင့် ကျောင်းသူဘဝကို တာဝန်ကျေပေးနိုင်မယ် မထင်ဘူး။”

“ကောလိပ်တက်ချင်တယ်လို့ ထင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်နိုင်ပေမယ့် နောက်နှစ်မှာ အဆိုတော်၊ သရုပ်ဆောင်၊ ဖျော်ဖြေရေးအနေနဲ့ တက်ကြွစွာပါဝင်ချင်တာကြောင့် ဒီနှစ်မှာ ကောလိပ်မတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မ ချစ်တဲ့အလုပ်ကိုပဲ ပိုကြိုးစားချင်တယ်” လို့ Suzy က ပြောပြသွားခဲ့တာပါ။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကောလိပ်မတက်ဘဲ အနုပညာအလုပ်ကိုပဲ ဦးစားပေးခဲ့သူ Suzy ကတော့ ယခုအခါမှာ ကိုရီးယားရဲ့ ထိပ်တန်း ကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ပြီး လတ်တလောမှာလည်း “Anna” drama လေးမှာ Ripley Syndrome ရှိသည့် အမျိုးသမီးတစ်ဦးရဲ့ ဇာတ်ရုပ်ကို ထူးချွန်စွာ ပုံဖော်ထားနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *