ပေါက်ကြားလာတဲ့ Jisoo ရဲ့ မိသားစုဝင် မျက်နှာပုံတွေကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရ

ပေါက်ကြားလာတဲ့ Jisoo ရဲ့ မိသားစုဝင် မျက်နှာပုံတွေကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရ

သိပ်မကြာခင်ကပဲ BLACKPINK ရဲ့ အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် တစ်ယောက်ချင်းစီကို ပရိသတ်တွေက မကြာခဏဆိုသလို ဖော်ထုတ်ခဲ့ကြတာမျိုးတွေ တွေ့ရှိခဲ့ရပြီး ဒီလိုလုပ်တာဟာလည်း BLINK လေးတွေက ကောင်မလေးတွေရဲ့ မိသားစုဝင်တွေအကြောင်းကို စိတ်ဝင်စားပြီး နီးစပ်ချင်လို့ပါဆိုသတဲ့။

လတ်တလောမှာပဲ အဖွဲ့ဝင် Jisoo ရဲ့ မိသားစုဝင် မျက်နှာတွေကို ဆိုရှယ်မီဒီယာတွေကနေ ပေါက်ကြားလာခဲ့ကြပြီး ပရိသတ်တွေကလည်း သိရှိလို့နေကြပါပြီ။

အထူးသဖြင့် Jisoo က စလို့ သူမရဲ့ မိဘတွေရောနဲ့ သူမရဲ့ မောင်နှမတွေရောပါ တကယ့်ကို ချောမောလှပနေတာကြောင့် ပရိသတ်တွေကလည်း အံ့အားသင့်ခဲ့ကြရပြီး Jisoo ဟာလည်း အဖွဲ့ရဲ့ အလှပဆုံး အဖွဲ့ဝင်လေး ဖြစ်လာခဲ့တာ အံ့သြစရာတော့ မရှိတော့ပါဘူးနော်။

ညီအကို မောင်နှမ သုံးယောက်ရှိတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ Jisoo ဟာ အဖွဲ့ရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်ပေမယ့် Jisoo ကတော့ မိသားစုထဲမှာ အငယ်ဆုံးသမီးလေး ဖြစ်ပါတယ်။ Jisoo ရဲ့ အစ်ကိုနဲ့ အစ်မတို့ရဲ့ ချောမောလှပတဲ့ မျက်နှာတွေကိုလည်း ကြည့်လိုက်ပါဦး။

1. အစ်ကိုကြီး Kim Jung Hoon

Kim Jung Hoon ကတော့ Kim မိသားစုရဲ့ အကြီးဆုံးသားဖြစ်သည်။ ဒီနှစ်မှာ ၃၂ နှစ် ပြည့်သွားပေမယ့် ချောမောလှတဲ့ oppa စတိုင်နဲ့ အချိန်အတော်ကြာအောင် လန်းနေဦးမယ့်ပုံပါပဲ။

စိတ်မကောင်းစရာကတော့ ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ချစ်သူနဲ့ လက်ထပ်ခဲ့ပြီးပါပြီတဲ့။

2. အစ်မလတ် Kim Ji Yoon

Kim Ji Yoon ကတော့ Kim မိသားစုရဲ့ ဒုတိယမြောက် သမီးဖြစ်ပါတယ်။ သေချာကြည့်လိုက်ရင် အစ်မနဲ့ အငယ်ဆုံးညီမလေး Kim Jisoo တို့ရဲ့ အလှတွေက ထူးခြားမှုတွေရှိနေပြီး တကယ့်ကို နူးညံ့တဲ့မျက်နှာလေးတွေနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေကြတာကို တွေ့လိုက်ရပါတယ်။

အစ်မလတ် Ji Yoon ကတော့ ယခုနှစ်မှာ အသက် ၃၁ နှစ် ရှိပြီဖြစ်ပြီး သားနှစ်ယောက် မိခင်လည်းဖြစ်ပါတယ်။ သတင်းတွေအရတော့ သူမဟာ လေယာဉ်မယ်ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *