လေးစားအားကျရတဲ့ EXO အဖွဲ့ဝင် Kai နဲ့ ‘Hallyu Pop Fest 2022 London’ မှာတွေ့ဆုံခွင့်ရခဲ့တဲ့ SF9 အဖွဲ့ဝင် Taeyang

ဇူလိုင်လ ၁၁ ရက်နေ့တုန်းက SF9 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Taeyang ဟာဆိုရင် EXO အဖွဲ့ဝင် Kai နဲ့အတူတွဲရိုက်ကူးထားတဲ့ ပုံရိပ်အချို့တို့ကို သူ ကိုယ်တိုင်အသုံးပြုတဲ့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် မျှဝေဖော်ပြခဲ့ပါတယ်။

အဆိုပါပုံတွေဟာဆိုရင် ‘Hallyu Pop Fest 2022 London’ ကျင်းပခဲ့တဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Wembly Arena မှပုံတွေဖြစ်ပြီး သူတို့နှစ်ဦးကတော့ ယင်းပွဲအခမ်းအနားမှာ ဖျော်ဖြေတင်ဆက်ကြမယ့် အနုပညာရှင်တွေအဖြစ် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။

Taeyang ဟာ ဒီပုံရိပ်တွေနဲ့အတူ “ဒီနေ့ကတော့ အရမ်းပျော်ရတဲ့နေ့တစ်နေ့ပါပဲ .. ကျေးဇူးတင်ပါတယ် စီနီယာကြီး Kai ခင်ဗျ … အရမ်းလည်းဂုဏ်ယူမိပါတယ် … ရှေ့ဆက်ပြီးတော့လည်း စီနီယာကြီးရဲ့ အမာခံပရိသတ်တစ်ယောက်အနေနဲ့ အားပေးသွားမှာပါ … ကျွန်တော်နဲ့အချိန်ပေးပြီး ဓာတ်ပုံရိုက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ဆိုကာ ရေးသားခဲ့တာကိုတွေ့ရပါတယ်။

Taeyang ဟာဆိုရင် Kai ကို အချိန်တွေအကြာကြီး အခိုင်အမာအားပေးလာခဲ့တဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး Kai က သူ လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်းကိုလည်း ဖွင့်ဟပြောခဲ့ဖူးသူဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.