သူမရဲ့ အစ်မဖြစ်သူက သူမထက်ပိုမိုလှပတယ်လို့ ပြောပြလာတဲ့ aespa အဖွဲ့ဝင် Karina

နာမည်ကြီးအမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ aespa အဖွဲ့ဝင် Karina ဟာဆိုရင် ဇူလိုင်လ ၉ ရက်နေ့တုန်းက ထုတ်လွှင့်ပြသသွားခဲ့တဲ့ ‘The Manager’ ရှိုးအစီအစဉ်မှာ တခြားသော aespa အဖွဲ့ဝင်တွေနဲ့အတူ အထူးဧည့်သည်တော်တွေအဖြစ်ပါဝင်တင်ဆက်ခဲ့ပါတယ်။

ယင်းအစီအစဉ်မှာ အဖွဲ့ဝင်တွေအကုန်လုံးက Music Show မှာဖျော်ဖြေတင်ဆက်ဖို့အတွက် Beauty Salon တစ်ခုဆီကို သွားရောက်ကာ မိတ်ကပ်ပြင်ဆင်ခြယ်သခဲ့ကြပြီး ဒီလိုပြင်ဆင်နေတဲ့အချိန်အတွင်းမှာတော့ Karina က မိတ်ကပ်ဆရာမကို တစ်ချိန်တုန်းကနာမည်ကြီးခဲ့တဲ့ Tamagotchi ဒစ်ဂျစ်တယ်အရုပ်လေးအကြောင်းကို မေးမြန်းခဲ့ပါတယ်။

အဲဒီအခါမှာတော့ မိတ်ကပ်ဆရာမက Karina ရဲ့အမေးကို အံ့အားသင့်သွားခဲ့ပြီး “Tamagotchi ကို ငါ သိတာပေါ့ … ဒါနဲ့ မင်းကရော ဒီအရုပ်အကြောင်းကို ဘယ်လိုသိလဲ … အဲဒီအရုပ်တွေနာမည်ကြီးတဲ့အချိန်တုန်းက မင်းမှ မမွေးသေးတာကို” လို့ဆိုကာ တုံ့ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီအခါမှာ Karina က ရယ်မောကာ “ကျွန်မမှာက အစ်မ တစ်ယောက်ရှိတယ်လေ” လို့ တုံ့ပြန်ပြောခဲ့တာကြောင့် မိတ်ကပ်ဆရာမကလည်း “ဪ … မင်း အမြဲတမ်းပြောပြောနေတဲ့ မင်းထက်လှတယ်ဆိုတဲ့ အစ်မလား” ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

Karina ကလည်း မိတ်ကပ်ဆရာမရဲ့အမေးကို ခေါင်းညိမ့်ပြီး “အစ်မပြောတယ် … သူက ကျွန်မရဲ့အစ်မဖြစ်ရတာ ဖိအားများပြီး နေရခက်တယ်တဲ့ … အခုဆို သူ အလုပ်လုပ်တဲ့ဆီက ကျွန်မက သူ့ရဲ့ညီမဆိုတာကို ဘယ်သူမှမသိကြဘူးလေ … အခုထိ အဲဒါကို သူ့မှာဖုံးကွယ်ထားတုန်းပဲ” လို့ဆိုကာ အစ်မဖြစ်သူရဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။

Karina ရဲ့ပြောပြချက်အရတော့ သူမရဲ့ အစ်မဖြစ်သူဟာ သူနာပြုတစ်ယောက်ဖြစ်တယ်လို့သိရပြီး လူကြားထဲမှာ aespa ရဲ့သီချင်းတွေကိုကြားလို့ လုပ်ဖော်ကိုင်ဖက်တွေက ကကြတဲ့အခါမှဆိုရင်လည်း ရှက်ရွံ့တတ်သူဖြစ်တယ်လို့ သိရပါတယ်။

Karina ဟာဆိုရင် ၂၀၀၀ ပြည့်နှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာမွေးဖွားခဲ့တဲ့ သူမရဲ့အစ်မဖြစ်သူကတော့ သူမထက် အသက် ၅ နှစ်ပိုကြီးသူဖြစ်ပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x