ငွေရောင်ပိတ်ကားအထက်ဆီကို တစ်ဖန်ပြန်လည်ရောက်ရှိလာဦးမယ့် Song Joong Ki

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Song Joong Ki ဟာဆိုရင် သူ နောက်ဆုံးရိုက်ကူးထားတဲ့ “Space Sweepers” ဇာတ်ကားနဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီးနောက်မှာတော့ နောက်ထပ်ရုပ်ရှင်ဇာတ်ကားအသစ်မှာပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။
ထွက်ရှိလာတဲ့သတင်းတွေအရတော့ Song Joong Ki က “Hwaran” လို့အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ HISTORY D&C ဘက်ကတော့ Song Joong Ki အနေနဲ့ အဆိုပါကမ်းလှမ်းမှုကို လက်သင့်ခံသင့်၊ မသင့်ဆိုတာ စဉ်းစားနေလျက်ရှိတယ်လို့ ထုတ်ပြန်ပေးထားပါတယ်။
တကယ်လို့များ Song Joong Ki အနေနဲ့ ဒီကမ်းလှမ်းမှုကို လက်သင့်ခံလိုက်မယ်ဆိုရင်တော့ အခု ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ထဲမှာရိုက်ကူးရမှာဖြစ်ပြီး ဇာတ်ကားကိုတော့ Sanai Pictures နဲ့ Song Joong Ki ရဲ့အေဂျင်စီတို့ဘက်မှ HISTORY D&C ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ တခြားအချက်အလက်တစ်စုံတစ်ရာကို အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပေမယ့် ပရိသတ်တွေကတော့ Song Joong Ki ကို ရုပ်ရှင်ဇာတ်ကားလက်ခံရိုက်ကူးဖို့အတွက် တိုက်တွန်းမျှော်လင့်ထားကြပါတယ်။
Ref : GStarLive
Nemo