စိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်မြတ်တဲ့ဇာတ်ကောင်နေရာတွေကနေ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ကြတဲ့ ကိုရီးယားမင်းသမီး (၃) လက်

သရုပ်ဆောင်ရယ်လို့ဖြစ်လာပြီဆိုရင် ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်စွာ ပုံဖော်ဖန်တီးနိုင်ရမယ်ဆိုတဲ့စကားအတိုင်းပဲ အခုဖော်ပြပေးချင်တဲ့ ကိုရီးယားသရုပ်ဆောင်မင်းသမီး ၃ လက်ဟာဆိုရင် အလွမ်း၊ အဆွေး၊ သည်းထိတ်ရင်ဖို၊ လျှို့ဝှက်ဆန်းကြယ်အစရှိတဲ့ ဇာတ်ရုပ်မျိုးကိုပုံဖော်နိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။

အဲဒီလိုပုံဖော်နိုင်ခဲ့ကြတဲ့ဇာတ်ရုပ်တွေထဲကမှ သူမတို့ရဲ့ဟန်ပန်အမူအရာ၊ မျက်နှာအသွင်အပြင်တို့နဲ့ အလိုက်ဖက်ဆုံးကတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်မြတ်တဲ့ဇာတ်ကောင်ပုံစံတွေဖြစ်တာကိုတွေ့ရပါတယ်။ ဒီလိုမျိုးဇာတ်ကောင်နေရာတွေကနေ အကောင်းဆုံးပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ကြတဲ့ မင်းသမီး ၃ လက်ကတော့ ….

Seo Hyun Jin

လတ်တလောပြသလျက်ရှိနေတဲ့ “Why Her?” ဇာတ်လမ်းတွဲထဲမှ ဇာတ်ကောင်ဟာဆိုရင် Seo Hyun Jin နဲ့မှ အလိုက်ဖက်ဆုံးသောဇာတ်ကောင်ဖြစ်တယ်လို့ဆိုထားကြပြီး သူမရဲ့သရုပ်ဆောင်ချက်တွေကလည်း ဇာတ်ရုပ်ကို ပိုမိုပီပြင်ပေါ်လွင်စေတာကို တွေ့နိုင်ပါတယ်။

Suzy

၂ နှစ်ကျော်မျှ ဇာတ်ကားရိုက်ကူးမှုတွေကိုရပ်နားထားခဲ့တဲ့ Suzy တစ်ယောက် Anna ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ပုံစံဟာဆိုရင်လည်း သူမနဲ့တစ်သားတည်းကျနေသလိုမျိုး လိုက်ဖက်လွန်းလှပြီး ဒီဇာတ်ကားထဲမှ သူမရဲ့သရုပ်ဆောင်ချက်တွေနဲ့ မျက်နှာအမူအရာတွေကတော့ မချီးကျူးပဲမနေနိုင်လောက်အောင်ကို အသက်ဝင်ပီပြင်လွန်းလှတယ်လို့ ဆိုပါတယ်။

Kim Go Eun

“Goblin” ဇာတ်လမ်းတွဲနဲ့အသိအမှတ်ပြုခံရပြီးနောက် ဇာတ်ကားရွေးချယ်မှုအပိုင်းမှာ ပိုမိုသတိထားလာခဲ့တဲ့ Kim Go Eun ဟာဆိုရင်လည်း စိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်မြတ်တဲ့ဇာတ်ကောင်ပုံစံမျိုးနဲ့လိုက်ဖက်သူဖြစ်ကာ ဇာတ်ကောင်စရိုက်မျိုးစုံကို မတူကွဲပြားအောင် သရုပ်ဆောင်နိုင်သူမင်းသမီးတစ်လက်ဖြစ်ပါတယ်။

Ref : KDramaStars
Nemo

Leave a Reply

Your email address will not be published. Required fields are marked *