ဇွန်ဘီဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတဲ့ မင်းသမီးကြီး Kim Hyun Joo

ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ဝါရင့်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Kim Hyun Joo ဟာဆိုရင် နှစ်တိုင်းမှာ အနည်းဆုံးဇာတ်လမ်းတွဲတစ်ခုကို ပုံမှန်ရိုက်ကူးလေ့ရှိသူဖြစ်ပြီး အခုတစ်ခါမှာလည်း ဒီနှစ်အတွက် ဇာတ်လမ်းတွဲနောက်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရဆိုရင် အဆိုပါဇာတ်လမ်းတွဲအသစ်ကို တာဝန်ယူရိုက်ကူးဖန်တီးမယ့်သူက “Train To Busan” နဲ့ “Peninsula” ရုပ်ရှင်ကားတို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာဖြစ်တဲ့ Yeon Sang Ho ဖြစ်ပြီး မနှစ်တုန်းကလည်း Kim Hyun Joo နဲ့ ဒါရိုက်တာ Yeon Sang Ho တို့ဟာ “Hellbound” ဇာတ်လမ်းတွဲအတွက် အတူတွဲအလုပ်လုပ်ခဲ့ကြဖူးသူတွေဖြစ်ပါတယ်။

Kim Hyun Joo ကို ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းထားတဲ့ဇာတ်လမ်းတွဲကတော့ Netflix ကနေ ပြသသွားမယ့် “Family Burial Grounds” ဆိုတဲ့ သည်းထိတ်ရင်ဖို ဇွန်ဘီဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းပုံစံဟာဆိုရင် ရွာတစ်ရွာမှာ ဇွန်ဘီတွေအဖြစ် မကူးပြောင်းခင်အချိန် သတိပေးလက္ခဏာတွေဖြစ်ပေါ်လာတဲ့အကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ သူမရဲ့အေဂျင်စီဖြစ်တဲ့ IOK Company ဘက်ကတော့ Kim Hyun Joo ဟာ အဆိုပါဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတာမှန်ကန်ပြီး ဒီကမ်းလှမ်းမှုကိုလည်း လက်ရှိမှာလေ့လာစဉ်းစားနေတယ်ဆိုတာကို အတည်ပြုထုတ်ပြန်ပေးထားပါတယ်။

Ref : KDramaStars
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x