“Anna” ဇာတ်လမ်းတွဲထဲမှာ ဇာတ်ကောင်အတွက် စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးခဲ့ရတယ်ဆိုတဲ့ Suzy

အဆိုတော် Idol အဖြစ် စတင်ပွဲဦးထွက်ခဲ့ပြီးမှ သရုပ်ဆောင်နယ်ပယ်ထဲကို ကူးပြောင်းလာခဲ့ကြတဲ့ အနုပညာရှင်တွေထဲမှာ Miss A ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Suzy ကလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမဟာဆိုရင် အဆိုတော်အဖြစ်ကနေ သရုပ်ဆောင်မင်းသမီးအဖြစ်ကို ကူးပြောင်းလာခဲ့သူဆိုပေမယ့်လည်း သူမမှာရှိတဲ့သရုပ်ဆောင်အရည်အသွေးတွေကတော့ ကြည့်ရှုသူပရိသတ်တွေတိုင်းအတွက် ဘ၀ကျနှစ်ခြိုက်မိစေမှာ အမှန်ပါပဲ။

ဒီလိုပြည့်၀လှတဲ့ အရည်အချင်းတွေနဲ့ သရုပ်ဆောင်ခြင်းအပေါ်မှာ အလေးထားတဲ့သူမရဲ့ စိတ်ဓာတ်ကိုတော့ လတ်တလောထွက်ရှိခဲ့တဲ့ “Anna” ဇာတ်လမ်းတွဲအသစ်မှာ တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်သွားခဲ့တဲ့ အင်တာဗျူးတစ်ခုမှာဆိုရင် သူမက ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်လို့ ပြင်ဆင်ခဲ့ရပုံနဲ့ အမှတ်တရတချို့အကြောင်းကို ပြောပြသွားခဲ့ပါတယ်။

Suzy ဟာ “Anna” ဇာတ်လမ်းတွဲထဲမှာ ဇာတ်ကောင်စရိုက်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားတာဖြစ်ပြီး သူမရဲ့ပြောပြချက်အရတော့ စိုးရိမ်ပူပန်ကြောင့်ကြမှုများတဲ့ စိတ်ရောဂါရှိသူ Lee Yu Mi ဇာတ်ကောင်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့အတွက် စိတ်ကျန်းမာရေးပညာရှင်နဲ့ သေချာတိုင်ပင်ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ခြင်းနဲ့ပတ်သက်လို့ ဒီလိုအသေးစိတ်သေချာပြင်ဆင်ခဲ့တဲ့အပြင် သူမဟာ အပိုင်း ၆ ပိုင်းမျှသာရှိတဲ့ အဆိုပါဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက် ဝတ်စုံပေါင်း ၁၅၀ ကျော်ကို လဲလှယ်ဝတ်ဆင်ခဲ့ရတယ်လို့လည်း ဆိုပါသေးတယ်။

Ref : KDramaStars
Nemo

Leave a Reply

Your email address will not be published. Required fields are marked *