တစ်နှစ်ကျော် အကြာပြီးမှာမှ Bow နဲ့ တွဲနေကြောင်း အတည်ပြုလာခဲ့တဲ့ Alek

မင်းသား Alek Teeradetch နဲ့ မင်းသမီး Bow Maylada တို့ဟာ ဟိုးအစကတည်းက သူတို့ရဲ့ အပြုအမူနဲ့ အမူအရာတွေကို ပြတ်ပြတ်သားသား ထုတ်ဖော်ထားခဲ့ပေမယ့် တွဲနေတယ်လို့ ဘယ်တော့ကမှ ထုတ်မပြောဖူးခဲ့ကြပါဘူး။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မကြာခဏဆိုသလို သတင်းထောက်တွေက မေးခွန်းထုတ်ခဲ့ကြသော်လည်း Alek နဲ့ Bow တို့ဟာ တစ်ယောက်တစ်လှည့်စီ ဘော်လီဘောပုတ်နေခဲ့ကြပြီး အချင်းချင်း တွန်းအားပေးခဲ့ကြတာကိုပဲ ကြုံတွေ့ခဲ့ရတာပါ။
မကြာသေးခင်ကမှ အမေရိကန်ကို ခရီးအတူတူထွက်ခဲ့ပြီး ပြန်လာခဲ့ကြတဲ့ မင်းသား Alek နဲ့ မင်းသမီး Bow တို့ဟာ အခုတစ်ခါမှာတော့ သူတို့ရဲ့ ဆက်ဆံရေးကို မင်းသား Alek ဘက်မှနေ အတည်ပြုလို့သွားခဲ့ပါပြီ။
Alek ကတော့ အင်တာဗျူးတစ်ခုမှာ သူက “အခု သူနဲ့ Bow က ချစ်သူတွေ ဖြစ်နေကြပါပြီ။ ဒီကြေငြာချက်အတွက် Bow ကိုလည်း အသိမပေးခဲ့ရသေးသလို ဘာအကျိုးသက်ရောက်မှုမှ လည်း မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံရေးလဲဆိုတာကို လူအများသိထားနှင့်ပြီးပါပြီ”
“တစ်နှစ်ကျော်ကြာတဲ့အထိ ကျွန်တော်နဲ့ Bow က တကယ့်ကို အတူတူ ပျော်ရွှင်နေကြပါပြီ” လို့ ဆိုလာခဲ့ပြီး Alek က သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအတွက် ပထမဆုံး အတည်ပြုချက်အဖြစ် တစ်နှစ်ကျော်အကြာမှာပဲ အခုလို ပြောပြသွားခဲ့ပြီဖြစ်ပါတယ်။