သူမ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေရဲ့ဓာတ်ပုံတွေကို ထုတ်ကြွားပြခဲ့တဲ့ မိခင်လောင်း Son Ye Jin

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Son Ye Jin ဟာဆိုရင် ဇူလိုင်လ ၁၁ ရက်နေ့ မနေ့က ညဘက်တုန်းက သူမရဲ့အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ပုံရိပ်အချို့တို့ကို မျှဝေထုတ်ပြလာခဲ့ပါတယ်။

အဲဒါကတော့ သူမ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ထားတဲ့ ဟင်းလျာတွေရဲ့ပုံတွေပါပဲ။ Son Ye Jin က သူမဟာ အရင်တုန်းကတော့ ထမင်း၊ ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်လေ့မရှိပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ဆန့်ကျင်ဘက်ဆိုသလို အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ရတာကို ကြိုက်နှစ်သက်လာတယ်လို့ ဆိုပါတယ်။

ဒီလိုမျှဝေလာတဲ့ ဟင်းလျာပုံတွေနဲ့အတူတူ Son Ye Jin က “ကြည့်ရတာ ကျွန်မက ဟင်းချက်ပြုတ်ပြင်ဆင်တာ အခုမှအစမို့လို့ထင်တယ် … ကိုယ်ချက်ထားတဲ့ဟင်းတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုဂုဏ်ယူနေမိတာ …. ဟင်းချက်လက်ရာကောင်းတဲ့သူတွေကတော့ တကယ်တော်လွန်းကြတဲ့သူတွေပါပဲရှင်” လို့လည်းရေးသား‌ဖော်ပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူမက ညဘက်ကြီး အစားအသောက်ပုံတွေတင်ရတာနဲ့ပတ်သက်လို့ တောင်းပန်ကြောင်းကိုလည်း ရွှတ်နောက်ပြောသွားခဲ့ပါသေးတယ်။ သူမတင်ထားတဲ့ ဟင်းလျာပုံတွေထဲမှာဆိုရင် ထမင်းလိပ်၊ ငါးနီတူခြောက်ကြော်၊ မက်ကရယ်ငါးနှပ်၊ အမဲသားချဉ်စပ်ဟင်းရည်၊ ဘာဂါနဲ့ Tortilla Pizza တို့ပါဝင်တာကိုတွေ့ရပါတယ်။

Son Ye Jin ဟာ ခင်ပွန်းဖြစ်သူ မင်းသား Hyun Bin နဲ့ အခု ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တုန်းက လက်ထပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပထမဆုံးရင်သွေးလေးကို လွယ်ဆောင်ထားနေရပြီဖြစ်ပါတယ်။ ဒီသတင်းအကြောင်းကိုလည်း သူမက အင်စတာဂရမ်စာမျက်နှာကနေ သူမ ကိုယ်တိုင်အသိပေးကြေညာခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ဒီနှစ်အတွင်းမှာပဲ သူမ တစ်ယောက် ရင်သွေးလေးကို မွေးဖွားလိမ့်မယ်လို့ ခန့်မှန်းကောက်ချက်ပြုထားကြပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.