ပြန်ပေါင်းထုပ်ကြတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ Song Joong Ki နဲ့ Song Hye Kyo

ပြန်ပေါင်းထုပ်ကြတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ Song Joong Ki နဲ့ Song Hye Kyo

ကိုရီးယား အနုပညာလောကရဲ့ နာမည်ကြီး စုံတွဲ Song Joong Ki နဲ့ Song Hye Kyo တို့ဟာ ကွာရှင်းပြတ်စဲပြီး လမ်းခွဲခဲ့ကြတာဟာ သုံးနှစ်ကျော်လာခဲ့ပါပြီ။

အထူးသဖြင့် သူတို့နှစ်ယောက်ဟာ “Descendants of the Sun” ဇာတ်လမ်းတွဲမှာ အတူပါဝင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ အချစ်ကို ခံယူခဲ့ရတဲ့ ကြယ်ပွင့်စုံတွဲ တစ်တွဲလို့ ဆိုလို့ရပါတယ်။

ဇာတ်လမ်းတွဲ ပြီးဆုံးသွားပြီးနောက်မှာတော့ သူတို့စုံတွဲဟာ ဖန်သားပြင်ထက်က ပရိသတ်တွေ အားပေးသဘောကြခဲ့ရတဲ့ အချစ်ရေးတစ်ခုကို လက်တွေ့ဘဝမှာလည်း အတူတူတည်ဆောက်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်မှာ ခမ်းခမ်းနားနား လက်ထပ်ပွဲလေး ကျင်းပခဲ့ကြရင်း မိသားစုဘဝကို ထူထောင်ခဲ့ကာ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ကြပါသေးတယ်။

သို့သော် ၂၀၁၉ ခုနှစ်မှာတော့ မထင်မှတ်ထားခဲ့တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ကြယ်ပွင့်နှစ်ဦးစလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ အကြောင်းအရင်းများကို တောင်းဆိုကာ ကွာရှင်းပြတ်စဲကြောင်း ကြေငြာခဲ့ကြပြီး ပရိသတ်တွေကို အံ့အားသင့် ဝမ်းနည်းစေခဲ့ပါတော့တယ်။

လက်ရှိ ၂၀၂၂ ခုနှစ်မှာတော့ သူတို့ဇနီးမောင်နှံဟောင်းဟာ လမ်းခွဲကွာရှင်းခဲ့ကြတာ ၃ နှစ် ရှိပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချစ်သစ်ပြန်စဖို့လည်း မရှိသေးခဲ့တာကြောင့် တစ်နေ့မှာတော့ ပရိသတ်တွေက သူတို့ရဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ကြနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

မကြာသေးမီကပဲ Song Joong Ki နဲ့ Song Hye Kyo တို့ဟာ ကွာရှင်းပြတ်စဲပြီး သုံးနှစ်ကြာမှ ပြန်ချစ်လာပုံရပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်မှာ ဒုတိယအကြိမ် လက်ထပ်ပွဲ ကျင်းပသွားဖို့ စီစဥ်ထားတယ်လို့ ဆိုရှယ်မီဒီယာမှာ ကောလဟာလတွေ ထွက်ပေါ်ခဲ့သလို နာမည်ကျော် မီဒီယာတွေကလည်း သတင်းလွှင့်လို့လာခဲ့ပါတယ်။

ဒါကြောင့် ဒီအချက်အလက်တွေကို မှန်ကန်ကြောင်း ဟုတ်၊ မဟုတ်ကို အတည်ပြုကြဖို့ စောင့်မျှော်ကြည့်ရှုရုံသာဖြစ်သလို ပရိတ်သတ်အချို့ကလည်း ဒီသတင်းအမှန်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားတာကြောင့် သူတို့နှစ်ဦးရဲ့ နောက်တစ်ကြိမ် လက်တွဲသွားနိုင်တာကိုလည်း မြင်တွေ့ချင်ကြပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *