SM Entertainment ရဲ့ ငြင်းပယ်မှုကိုခံခဲ့ကြရဖူးတဲ့ နာမည်ကြီးထိပ်တန်း K-pop Idol များ

SM Entertainment ရဲ့ ငြင်းပယ်မှုကိုခံခဲ့ကြရဖူးတဲ့ နာမည်ကြီးထိပ်တန်း K-pop Idol များ

လက်ရှိ K-pop ဖျော်ဖြေရေးနယ်ပယ်ထဲမှ နာမည်ကြီးထိပ်တန်း Idol အချို့ဟာဆိုရင် ပွဲဦးမထွက်ခင်အချိန်တုန်းက K-pop လောကရဲ့ အရှိန်အဝါအကြီးမားဆုံးသော ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ SM Entertainment ကို ဝင်ရောက်ခွင့်ရဖို့ကြိုးစားခဲ့ဖူးကြပေမယ့် အကြောင်းအရင်းအမျိုးမျိုးကြောင့် ဝင်ရောက်ခွင့်မရခဲ့ဘဲ ငြင်းပယ်ခံခဲ့ကြရသူတွေဖြစ်ပါတယ်။ သူတို့တွေကတော့ ….

1. Park Jin Young (J.Y. Park)

JYP Entertainment ရဲ့တည်ထောင်သူဖြစ်တဲ့ Park Jin Young ဟာဆိုရင် သူ့ရဲ့ကိုယ်ပိုင်အေဂျင်စီကို မတည်ထောင်ခင်အချိန်တုန်းက SM Entertainment ရဲ့လူရွေးချယ်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒီလိုယှဉ်ပြိုင်တဲ့အခါမှာ Lee Soo Man က သူ့ရဲ့သီချင်းသီဆိုတဲ့ပုံစံထက် သီချင်းစပ်ဆိုတဲ့ပုံစံကို ပိုမိုသဘောကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကံတရားက သူ့ဘက်မှာမရှိခဲ့တာကြောင့် ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

2. Choa (Formerly of AOA)

AOA ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Choa ကတော့ Idol တစ်ယောက်ဖြစ်လာဖို့အတွက် အေဂျင်စီပေါင်းများစွာရဲ့ လူရွေးချယ်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ အဲဒီလိုယှဉ်ပြိုင်တဲ့အခါမှာတော့ SM Entertainment မှာ ၁၅ ကြိမ်တိမ်တိမ်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် တစ်ကြိမ်မှမအောင်မြင်ခဲ့ဘဲ ပယ်ချခံခဲ့ရပါတယ်။

3. IU

IU ဟာဆိုရင်လည်းပဲ SM Entertainment ရဲ့ လူရွေးချယ်ပွဲတွေများစွာမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Idol တစ်ယောက်ဖြစ်ပါတယ်။

4. Park Bom

Park Bom ကတော့ SM Entertainment မှာရော၊ YG Entertainment မှာပါ လူရွေးပွဲတွေပါဝင်ခဲ့ဖူးသူဖြစ်ပြီး YG မှာတော့ အရွေးမခံခင်အချိန်မှာ ၃ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

5. Irene (Red Velvet)

လက်ရှိအချိန်မှာ SM Entertainment ရဲ့ အနုပညာရှင်တစ်ဦးအဖြစ်ရှိနေတဲ့ Irene ဟာဆိုရင် တကယ်တော့ လူရွေးပွဲမှာ အရင်ဆုံးငြင်းပယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ SM ဘက်မှ ဆုံးဖြတ်ချက်ပြောင်းလဲသွားတာကြောင့် Trainee အဖြစ်ဝင်ရောက်ခွင့်ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

6. Key (SHINee)

SHINee အဖွဲ့ဝင် Key ဟာဆိုရင်လည်း SM ရဲ့လူရွေးပွဲတွေမှာ ၃ ကြိမ်ထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ဒီလိုယှဉ်ပြိုင်တဲ့အခါမှာတော့ တခြားမည်သည့်ကုမ္ပဏီတွေကိုမှ မရွေးချယ်ဘဲ SM တစ်ခုတည်းမှာသာ ဇွဲမလျှော့တမ်း ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Ref : Koreaboo
Nemo

 

Leave a Reply

Your email address will not be published. Required fields are marked *